Connect with us

Asia

အိန္ဒိယလေယာဉ်တင်သင်္ဘော မီးလောင်မှု တွင် သင်္ဘောသားတစ်ဦး သေဆုံး၊ ၄ဦး ဒဏ်ရာရရှိ

အိန္ဒိယလေယာဉ်တင်သင်္ဘော INS Viraat အား ပင်လယ်ပြင်၌တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Goa ရေတပ်ဆိပ်ကမ်းတွင် မတ်လ ၆ရက်နေ့ညက အိန္ဒိယလေယာဉ်တင်သင်္ဘော INS Viraat ပေါ်၌ မီးလောင်မှု အသေးစားတစ်ခုဖြစ်ပွားခဲ့ပြီး သင်္ဘောသားတစ်ဦး သေဆုံးကာ အခြား ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အိန္ဒိယရေတပ်က မတ်လ ၇ ရက်နေ့ နံနက်ပိုင်း၌ ပြောကြားခဲ့သည်။

မီးလောင်မှု သည် သင်္ဘော၏ ဘွိုင်လာအခန်း၌ ရေနွေးငွေ့များစိမ့်ထွက်ရာမှ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အခန်းအား မကြာခင်ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

INS Viraat လေယာဉ်တင်သင်္ဘောသည် ဗြိတိန်နိုင်ငံမှ အိန္ဒိယနိုင်ငံ သို့ ရောင်းချခဲ့သည့် ၁၉၈၇ခုနှစ်မှစ၍ ဆယ်စုနှစ် သုံးခုကြာ အိန္ဒိယရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံအတွင်း အသုံးပြုနေသည့် လေယာဉ်တင်သင်္ဘော နှစ်စီးအနက် တစ်စီးဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံရေတပ်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ၂၀၁၃ခုနှစ်တွင် မွန်ဘိုင်း၌ ရေတပ်ဝန်ထမ်း ၁၈ဦးသေဆုံးခဲ့သည့် ရေငုပ်သင်္ဘောပေါက်ကွဲ နစ်မြုပ်မှု ဖြစ်ရပ် အပါအဝင် အခြား မတော်တဆဖြစ်ရပ်များစွာ ကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.