Connect with us

Asia

အိန္ဒိယ-မြန်မာနယ်စပ်တွင် ဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံး

အိန္ဒိယ ရှေးဟောင်း အဆောက်အဦး တစ်ခုသို့ ခရီးသည်များ လာရောက် လည်ပတ်နေပုံ (ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယ အရှေ့မြောက် မဏိပူ (Manipu) ပြည်နယ်၊ Ukhrul ဒေသတွင် ဖေဖော်ဝါရီ ၅ ရက်နေ့ညက ပြင်းထန်သည့် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးကာ ဒဏ်ရာအပြင်း အထန်ရရှိသူများ ရှိကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုသည် အိန္ဒိယ-မြန်မာနယ်စပ် တာအောင်း (Tarong) ရွာတွင်ဖြစ်ပွားပြီး မသင်္ကာဖွယ် ရန်လိုသည့် သူများ၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသတွင်း မီဒီယာဖြစ်သည့် Trust of India တွင် ဖော်ပြ ထားသည်။

အိန္ဒိယ၏ အရှေ့မြောက်ပိုင်းတွင် နိုင်ငံရေး မတည်မငြိမ် ဖြစ်နေပြီး လွတ်လပ်ရေး နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် တောင်းဆိုနေသည့် သောင်းကျန်းသူ အဖွဲ့များရှိသည်။ (Xinhua)