Connect with us

Asia

ထိုင်ဝမ် လေယာဉ် ပျက်ကျမှုကြောင့် ၄၂ ဦးသေဆုံးကာ ပြည်မကြီးမှ ၂၇ ဦးပါဝင်

ထိုင်ဝမ် လေယာဉ် ပျက်ကျမှုတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

တိုင်ပေ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ထိုင်ဝမ် TransAsia လေယာဉ် ပျက်ကျမှု ကြောင့် ပြည်မကြီးမှ ခရီးသည် ၂၇ ဦး အပါအဝင် စုစုပေါင်း ၄၂ ဦး သေဆုံးကြောင်း ပြည်တွင်း သဘာဝဘေး တုန့်ပြန်ရေး အာဏာပိုင် မှအတည်ပြု ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် လေယာဉ်သည် ဝေဟင်သို့ စတင်ပျံသန်းပြီး (၁၀) မိနစ်ခန့် အကြာ မနက် ၁၀ နာရီ ၅၅ မိနစ် အချိန် တွင် Keelung မြစ်အတွင်းသို့ ပျက်ကျ ထိုးဆင်းရာ ကားလမ်းပေါ်တွင် မောင်းနှင် နေသော တက္ကစီ တစ်စီးလည်း လေယာဉ် တောင်ပံ နှင့်ထိမိခဲ့သည်။

လေယာဉ်အမှတ် GE235 သည် တိုင်ပေ မှ ကင်းမင် (Kinmen) သို့ထွက်ခွာပြီး ခရီးသည် (၅၃) ဦး စီးနင်းလာသည်။ တရုတ်ပြည်မကြီးမှ ၃၁ ဦး ပါဝင်ပြီး လေယာဉ် ဝန်ထမ်း ၅ ဦး ပါဝင်သည်။

ယခုလို လေယာဉ် ပျက်ကျမှုသည် ပထမအကြိမ် ပျက်ကျခဲ့ခြင်း မဟုတ်ဘဲ ATR-72 လေယာဉ် ထိုင်ဝမ်တွင် ပျက်ကျခဲ့ဖူးသည်။ ထိုင်ဝမ်၏ Penghu ကျွန်းတွင်လည်း TransAsia လေယာဉ် GE222 သည် ၂၀၁၄ခုနှစ် ဇူလိုင်၂၃ ရက်တွင် ပျက်ကျမှုကြောင့် ၄၈ ဦး သေဆုံးခဲ့သည်။ လေယာဉ်မှူး နှင့် လက်ထောက် လေယာဉ်မှူး ၂ ဦး၏ အလောင်း နှင့် Black Box ၂လုံး ပြန်လည်ရရှိထားသည်။

TransAsia လေကြောင်းလိုင်းကို ၁၉၅၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်ဝမ်၏ ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.