Connect with us

Asia

အိန္ဒိယ ဥပဒေပြု အမတ်တစ်ဦး သက်ငယ် မုဒိမ်းမှုဖြင့် တိုင်ကြားခံထားရ

မုဒိမ်းမှု ကျူးလွန်ကြောင်း စွပ်စွဲခံထားရသည့် ဥပဒေပြု အမတ်၏ အိမ်အား ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ မေ ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာ (Goa) ပြည်နယ်၏ ပညာရေးဝန်ကြီး (ဟောင်း) တစ်ဦးသည် ကလေးသူငယ် လူကုန်ကူးမှုနှင့် အရွယ်မရောက်သေးသူ အမျိုးသမီးငယ် တစ်ဦးအား မုဒိမ်းမှု ကျူးလွန်မှုဖြင့် တိုင်ကြားခြင်း ခံထားရကြောင်း အိန္ဒိယ ရဲအရာရှိတစ်ဦးက မေလ ၅ ရက်တွင် ပြောကြားသည်။

လက်ရှိတွင် ဥပဒေပြု အမတ်တစ်ဦးဖြစ်သူ Atanasio Monserrate သည် အမှုအတွက် အဖမ်းခံရခြင်းကား မရှိသေးပေ။ ၎င်းအမှုကို ဂိုအာပြည်နယ် မှုခင်းရဲတပ်ဖွဲ့က စိစစ် ကိုင်တွယ်နေဆဲ ဖြစ်ပြီး လူကုန်ကူး ခံရကြောင်း စွပ်စွဲထားသူများနှင့် မုဒိမ်းကျင့်ခံရကြောင်း စွပ်စွဲထားသူကို လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ဆိုသည်။
Monserrate ကမူ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းအနေဖြင့် လုံးဝအပြစ် မရှိကြောင်း အခိုင်အမာ ဆိုထားသည်။ “ ကလေးမလေးက ၁၆ နှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော့် အလုပ်ခန်းမှာ မတ်လတုန်းက သူ့ကို အလုပ်ခန့်ခဲ့တယ်။ နှစ်ပတ်လောက်တောင် မကြာဘူး ။ ပိုက်ဆံခိုးလို့ သူ့ကို အလုပ် ဖြုတ်လိုက်တယ်။ ကျွန်တော့်မှာ ဘာအပြစ်မှ မရှိပါဘူး။ ဒါဟာ တော်တော်ရီဖို့ ကောင်းတဲ့ ပူးပေါင်း ကြံစည်မှုပဲ ” ဟု မီဒီယာများသို့ပြောကြားသည်။
ပြစ်မှုများ ကျူးလွန်ထားကြောင်း ဂိုအာဥပဒေပြု အမတ်အပေါ် စွပ်စွဲချက်များမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ Monserrate သည် ယခင်ကလည်း ရဲအရာရှိများအား ကိုယ်ထိလက်ရောက် ကျူးလွန်မှု နှင့် ခြိမ်းခြောက် ငွေညှစ်မှုများဖြင့် စွပ်စွဲခံထားရဖူးသည်။ ၎င်း၏သားဖြစ်သူ Rohit သည်လည်း အရွယ်မရောက်သေးသူ ဂျာမနီ အမျိုးသမီးငယ် တစ်ဦးအား မုဒိမ်းမှု ကျူးလွန်းမှုဖြင့် အဖမ်း ခံခဲ့ရသေးသည်။ သို့သော် နောက်ပိုင်းတွင် တရားရုံးက ၎င်းအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.