Connect with us

Asia

အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် တံတားပေါ်မှ ဘတ်စ်ကား တစ်စီး ပြုတ်ကျခဲ့၍ ၁၃ ဦး သေ၊ ၅၀ ကျော် ဒဏ်ရာ ရရှိ

အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် တံတားပေါ်မှ ပြုတ်ကျခဲ့သည့် ဘတ်စ်ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မေ ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် တွင် မေလ ၄ ရက် ည ၁၀း၃၀ နာရီ က ယာဉ် မတော်တဆမှု ဖြစ်ပွား ခဲ့၍ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း အကြီးတန်း ရဲအရာရှိ တစ်ဦးက မေလ ၅ ရက်တွင် ပြောကြားခဲ့သည်။

၎င်းက ခရီးသည်များ တင်ဆောင်လာသည့် ဇိမ်ခံ ခရီးသွားဘတ်စ်ကား တစ်စီးသည် တံတားပေါ်မှ ပြုတ်ကျခဲ့ကာ Balrampur ဒေသရှိ Daldhowa မြစ်ကမ်းဘေးတွင် ပြောင်းပြန်လှန် သွားခဲ့ကြောင်း ပြောကြားခဲ့သည်။
ယာဉ် တိမ်းမှောက်မှုကြောင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် ၁၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတို့အနက် ၁၆ ဦးမှာ ဒဏ်ရာ အခြေအနေ စိုးရိမ်ရသောကြောင့် သေဆုံးသူ ဦးရေ ထပ်မံ တိုးလာနိုင်ကြောင်း ရဲအရာရှိက ပြောကြားခဲ့သည်။
မျက်မြင် သက်သေများ၏ ပြောကြားချက်များကို ကိုးကား၍ ပြည်တွင်း ရုပ်သံ လိုင်းများက ဘတ်စ်ကား ဒရိုင်ဘာသည် ဆန့်ကျင်ဖက် လမ်းကြောင်းမှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရှောင်ရန် ကွေ့လိုက်သည့် အချိန်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
ရဲအရာရှိက မတော်တဆ ဖြစ်ရသည့်အကြောင်းရင်း အတိအကျကို စစ်ဆေး ဖော်ထုတ်သွားမည် ဖြစ်ပြီး အကြီးတန်း ရဲအရာရှိများလည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.