Connect with us

Asia

အီရန် နျူကလီးယား ဆွေးနွေးပွဲမှ သဘောတူညီမှု စာချုပ် ရရှိ

အီရန် နျူကလီးယား ဆွေးနွေးပွဲ မြင်ကွင်း (ဆင်ဟွာ)

ဗီယမ်နာ ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

အီရန် နျူကလီးယား ကိစ္စရပ် ဆွေးနွေးမှု ဆိုင်ရာ နိုင်ငံကြီး ၆ နိုင်ငံ (အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် ၊ ဂျာမနီ) နှင့် အီရန် နိုင်ငံ တို့မှ အီရန် နျူပြဿနာ နှင့် ပတ်သက်၍ သဘောတူညီမှု စာချုပ် ရရှိသွားပြီ ဖြစ်ကြောင်း အမည် မဖော်လိုသော အီရန် နိုင်ငံခြားရေး ဌာန အရာရှိ တစ်ဦးမှ ပြောကြား ခဲ့သည်။

အီးယူ အဖွဲ့အစည်း မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ အီရန် နျူကလီးယား ကိစ္စရပ် ဆွေးနွေးမှုဆိုင်ရာ နိုင်ငံကြီး ၆ နိုင်ငံ နှင့် အီရန် နိုင်ငံ တို့မှ ဗီယမ်နာမြို့တွင် ဆွေးနွေးပွဲ နောက်တစ်ကြိမ် ကျင်းပမည် ဖြစ်ပြီး ဆွေးနွေးပွဲ အပြီးတွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ် သွားမည် ဟု ပြောကြား ခဲ့သည်။ အီရန် နိုင်ငံခြားရေး ဝန်ကြီး Zarif နှင့် အီးယူ အဖွဲ့အစည်း နိုင်ငံခြားရေး နှင့် လုံခြုံရေး ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်တို့ မှ ပူးတွဲ ထုတ်ပြန်ချက်အား ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိမှ အီရန် နိုင်ငံခြားရေး ဝန်ကြီး Zarif နှင့် ဗီယမ်နာမြို့၌ ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ရာတွင် တရုတ် နိုင်ငံ အနေဖြင့် အီရန် နျူဆွေးနွေးပွဲ တွင်နောက်ဆုံးချိန်ထိ အပြုသဘော ဆောင်သည့် ဆောင်ရွက်မှု များကို ပြုလုပ်သွားမည်ဖြစ်ပြီး ယခုအချိန်သည် ဆုံးဖြတ်ချက်ချရမည့် အချိန်သို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အနောက် နိုင်ငံ များမှ အီရန် နိုင်ငံ သည် နျူကလီးယား စီမံကိန်းမှ တစ်ဆင့် လက်နက်များ ထုတ်လုပ်ရန် ရှိကြောင်း သံသယ ရှိခဲ့သည်။ ထို့ကြောင့် သဘောတူညီမှု စာချုပ်မှ တစ်ဆင့် အီရန် နျူစီမံကိန်း များအား အရပ်ဖက် တွင်သာ အသုံးပြုရန် တင်းကြပ်စွာ ကန့်သတ် သွားမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှု ပိုမိုရှိရန် ဆောင်ရွက်သွားမည် ဖြစ်သည်။ အီရန် နိုင်ငံ၏ နိုင်ငံခြားရေး ဆောင်ရွက်မှု များမှ တစ်ဆင့် အနောက်နိုင်ငံ များ၏ အီရန် နိုင်ငံအပေါ် အဆိုးရွားဆုံး ပိတ်ဆို့မှု များအား ဖယ်ရှားပေးရန် ဆန္ဒ ရှိကြောင်း သိရှိရသည်။ (Xinhua)