Connect with us

Asia

အီရန်-အီရတ် ငလျင်အား ကူညီရန် ကုလသမဂ္ဂ အသင့်ရှိကြောင်း ဂူတာရက်စ် ပြောကြား

အီရန်နှင့် အီရန် နှစ်နိုင်ငံ နယ်စပ်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံနှင့် အီရတ်နိုင်ငံတွင် နိုဝင်ဘာလ ၁၃ ရက်က ကြောက်မက်ဖွယ် လူသေဆုံးခဲ့ရသည့် ငလျင်အတွက် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ရန် ကုလသမဂ္ဂက အသင့်ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ပြောကြားခဲ့သည်။

“ငလျင်ကြောင့် အသက် အိုးအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ရတဲ့အတွက် အလွန် ကြေကွဲဝမ်းနည်းမိပါကြောင်း” အီရန်၊ အီရတ် နယ်စပ်ဒေသအား ပြင်းအား ၇.၃ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကုလသမဂ္ဂ အကြီးအကဲ၏ ပြောကြားထားသည့် သတင်းထုတ်ပြန်ချက်အား ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အင်အားပြင်း ငလျင်ကြောင့် လူပေါင်း ၄၀၀ ကျော် သေဆုံးပြီး အခြားသူ ၇၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက နိုဝင်ဘာလ ၁၃ ရက်တွင် သတင်းဖော်ပြထားသည်။

အထွေထွေ အတွင်းရေးမှူးအနေဖြင့် ပူဆွေးသောကရောက်နေသော မိသားစုများ၊ နှစ်နိုင်ငံ အစိုရများနှင့် ပြည်သူများထံသို့ ၎င်း၏ ကြေကွဲဝမ်းနည်းမှုအား ပေးပို့ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား အမြန်ဆုံး ပြန်လည်နေကောင်းလာစေရန် ဆန္ဒပြုလိုက်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“အကယ်၍ လိုအပ်ပါက ကုလသမဂ္ဂအနေဖြင့် ကူညီရန် အသင့်ရှိပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာလ ၁၃ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်သည် ယခုနှစ်အတွင်း ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.