Connect with us

Asia

၁၃ ကြိမ်မြောက် တောင်အာရှအားကစားပွဲကို ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည်ဟု နီပေါနိုင်ငံက ဆို

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၏ မြို့မြင်ကွင်းတစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ၊ မတ် ၆ ရက်(ဆင်ဟွာ)

၁၃ ကြိမ်မြောက် တောင်အာရှအားကစားပွဲကျင်းပရန်အချိန်ကို ထပ်မံ ပြောင်းလဲလိုက်ပြီဖြစ်ရာ ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း နီပေါအိုလံပစ် ကော်မတီက မတ်လ ၅ ရက် ခတ္တမန္ဒူမြို့၌ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ ကြောင်း သိရသည်။

အဆိုပါအားကစားပွဲကို နီပေါလူငယ်နှင့်အားကစားဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အားကစားကွင်း၊အားကစားရုံစသည့် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ရာ သတ်မှတ်ထားသည့်အချိန်အတိုင်းကျင်းပသွားနိုင်မည်ဟု ယုံကြည်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားခဲ့သည်။

၁၂ ကြိမ်မြောက် တောင်အာရှအားကစားပွဲကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီက အိန္ဒိယနိုင်ငံ၌ ကျင်းပ ခဲ့ခြင်းဖြစ်ပြီး (၁၃)ကြိမ်မြောက် တောင်အာရှအားကစားပွဲကို နီပေါနိုင်ငံက ကျင်းပခွင့်ရရှိခဲ့သည်။ အားကစားပွဲကျင်းပရန် အချိန်ကို နီပေါနိုင်ငံအနေဖြင့် နှစ်ကြိမ်ရွှေ့ဆိုင်းထားပြီး ဖြစ်ကြောင်းသိရသည်။

ယခုအားကစားပွဲ၏ပြိုင်ပွဲများကို ခတ္တမန္ဒူ၊ ပေါ့ခ်ရာ အစရှိသည့် မြို့များတွင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.