Connect with us

Asia

၉/၁၁ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် အဘူဆာရက်ဖ် ဖိလစ်ပိုင်အကြမ်းဖက်အဖွဲ့အားကောင်းလာ

အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်မှုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်မှုအပြီးတွင် ဖိလစ်ပိုင်အစွန်းရောက်အဖွဲ့ဖြစ်သော အဘူဆာရက်ဖ်အကြမ်းဖက်အဖွဲ့ ပိုမိုအားကောင်းလာခဲ့ကြောင်း အစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သမ္မတ၏ ပြန်ကြားရေးရုံး အတွင်းဝန် Martin Andanar က အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သော ၉/၁၁ အကြမ်းဖက်မှုသည် အကြမ်းဖက်မှု ပန်ဒိုသေတ္တာအား ဖွင့်လိုက်ခြင်းနှင့်တူကြောင်း စက်တင်ဘာ ၁၁ရက် က ပြောကြားခဲ့သည်။
၎င်းက “အစွန်းရောက်အဖွဲ့ဖြစ်တဲ့ IS အကြမ်းဖက်အဖွဲ့တွေလည်း ပေါ်ထွက်လာပါတယ်။ ပြီးတော့ အဘူဆာရက်ဖ် အကြမ်းဖက်အုပ်စု ဟာလည်း အင်အားကြီးလာခဲ့ပါတယ်”ဟု IS အစွန်းရောက်အဖွဲ့ကို သစ္စာခံထားသည့် ပြည်တွင်းအကြမ်းဖက်အဖွဲ့များ၏ ထုတ်ပြန်ချက်များကို ကိုးကား၍ ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၁၅နှစ် အကြာက အမေရိကန် ၉/၁၁ အကြမ်းဖက်မှု ၏ အဓိက တရားခံဖြစ်သည့် အယ်ကိုင်းဒါး စစ်သွေးကြွအဖွဲ့ ၏ အကြမ်းဖက်မှု မြင့်တက်နေစဉ်အတွင်း အဘူဆာရက်ဖ် တောတွင်းဓားပြများသည်လည်း ယင်း စစ်သွေးကြွအဖွဲ့ထံ သစ္စာခံကြောင်း ကတိပြုခဲ့ကြသည်။
Andanar က “ကျွန်တော်တို့အားလုံးသည် အစွန်းရောက်အကြမ်းဖက်အုပ်စုများနှင့် ရင်ဆိုင်နေရကြောင်းကို ၉/၁၁ အကြမ်းဖက်မှု က သတိပေးနေသကဲ့သို့ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
၎င်းက အကြမ်းဖက်မှုများအား တိုက်ဖျက်ရန်အတွက် အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
Andanaru က “အကြမ်းဖက်မှုကို စုပေါင်းအင်အားဖြင့် တစ်ဦးကိုတစ်ဦးကူညီကာ ရင်ဆိုင် တိုက်ခိုက်သင့်ပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းဟာ အာဏာပိုင်များ၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ နဲ့ ဖိလစ်ပိုင်စစ်တပ် (AFP) တို့ရဲ့ တာဝန်အဖြစ်သာမက ဖိလစ်ပိုင်လူမျိုးတိုင်း၏ တာဝန်လည်းဖြစ်ပါတယ်” ပြောကြားခဲ့သည်။
မကြာသေးမီက အဘူဆာရက်ဖ်အုပ်စုသည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Davao မြို့အား တိုက်ခိုက်ခဲ့ရာ လူ ၁၄ဦးသေဆုံးခဲပြီး အခြား ၇၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.