Connect with us

Asia

သမ္မတရှီက ဘာကီနာဖာဆိုသမ္မတအဖြစ် ထပ်မံရွေးကောက်ခံရသော Kabore ထံ ဝမ်းမြောက်ဂုဏ်ယူ ကြောင်း သဝဏ်လွှာပေးပို့

ဘာကီနာဖာဆို သမ္မတ Roch Marc Christian Kabore အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘာကီနာဖာဆိုနိုင်ငံသမ္မတအဖြစ် ထပ်မံရွေးကောက်ခံရသော သမ္မတ Roch Marc Christian Kabore ထံသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို ဒီဇင်ဘာ ၇ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါသဝဏ်လွှာထဲတွင် သမ္မတရှီက မကြာသေးခင်နှစ်များအတွင်း နှစ်နိုင်ငံအနေဖြင့် နက်ရှိုင်းသော နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုရှိခဲ့ကြောင်း ၊ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် နယ်ပယ်ကဏ္ဍပေါင်းစုံတွင် အောင်မြင်မှုအသီးအပွင့်ရလဒ်များ ရရှိခဲ့ကြောင်း နှင့် ယင်းမှာ ကောင်းမွန်သောအကျိုးစီးပွားများနှင့် ကြီးမားသောအလားအလာကောင်းများကို ထင်ဟပ်ဖော်ညွှန်းနေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတက နှစ်နိုင်ငံဆက်ဆံရေး၏ ဖွံ့ဖြိုးတိုးတက်မှုရှိရန် အလွန်အရေးပါပုံကို ထည့်သွင်းပြောကြားခဲ့ပြီး တရုတ်-ဘာကီနာဖာဆို ချစ်ကြည်ရင်းနှီးမှုအပေါ် ဝမ်းမြောက်ကြောင်း ဆိုသည်။

သမ္မတရှီက နှစ်နိုင်ငံနှင့်နှစ်ဖက်ပြည်သူများ၏ အကျိုးစီးပွားများအတွက် နှစ်ဖက်အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာအောင် တွန်းအားပေးရန်အတွက် ဘာကီနာဖာဆို သမ္မတKabore နှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

#တရုတ်, #သမ္မတ, #ရှီ, #ဘာကီနာဖာဆို, #ဂုဏ်ပြု #Xi, #China, #Kabore, # Burkina Faso, #president, #congratulates, #ဆင်ဟွာ

———————-

(English Version)

Xi congratulates Kabore on re-election as Burkina Faso president

BEIJING, Dec. 8 (Xinhua) — Chinese President Xi Jinping on Monday sent a congratulatory message to Roch Marc Christian Kabore on his re-election as president of Burkina Faso.

Xi noted that over recent years, the two countries have deepened political mutual trust, and their cooperation in various fields has achieved fruitful results and shown great potential and good prospects.

The Chinese president said he attaches great importance to the development of bilateral ties and cherishes the China-Burkina Faso friendship.

He added that he stands ready to work with Kabore to push for greater progress in bilateral friendly cooperation for the benefits of both countries and their people. Enditem

Photo caption – Burkina Faso president Roch Marc Christian Kabore(Xinhua)