Asia
ဂူအတွင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ထိုင်းရေငုပ်သမားတစ်ဦးသေဆုံး

ချင်းရိုင် ၊ ထိုင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျောက်ဂူ တစ်ခုအတွင်းပိတ်မိနေသော ဘောလုံးသမား ၁၂ ဦး နှင့် နည်းပြတစ်ဦး အား ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ထိုင်းရေငုပ်သမားတစ်ဦးမှာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ယနေ့ဇူလိုင် ၆ ရက် နံနက်အစောပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။(Xinhua)