Connect with us

Asia

အာဆီယံ လူမှု လုံခြုံရေးအသင်း အစည်းအဝေးကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သော ၃၄ ကြိမ်မြောက် အာဆီယံ လူမှု လုံခြုံရေးအသင်း (ASSA) ဘုတ်အဖွဲ့အစည်းအဝေး ပိုစတာအား တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

၃၅ ကြိမ်မြောက် အာဆီယံ လူူမှု လုံခြုံရေးအသင်း (ASSA) ဘုတ်အဖွဲ့အစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Nha Trang မြို့၌ ပြုလုပ်မည် ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ် ၁၇၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ ၁၀ နိုင်ငံမှ လူမှု လုံခြုံရေးအဖွဲ့ ၁၉ ဖွဲ့မှ ကိုယ်စားလှယ်မျာလည်း တက်ရောက်မည် ဖြစ်ပြီး “စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေး နှင့် အာဆီယံ လူမှု လုံခြုံရေး ဖွံ့ဖြိုးတိုးတက်မှု” ဆောင်ပုဒ်ဖြင့် နိုင်ငံတကာ လူမှု လုံခြုံရေးအသင်း၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ တောင်ကိုရီးယား အေဂျင်စီတစ်ခုနှင့် နယူးဇီလန်တက္ကသိုလ်မှ ဟောပြောသူများလည်း ပါဝင်မည် ဖြစ်ကြောင်း ဗီယက်နမ် လူမှု လုံခြုံရေးအဖွဲ့က ဇူလိုင်လ ၆ ရက်တွင် ပြောကြားခဲ့သည်။

ဗီယက်နမ် လူမှု လုံခြုံရေးအဖွဲ့သည် ယခုနှစ်တွင် ASSA အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းယူမည် ဖြစ်သည်။ ယင်းသို့တာဝန်ယူခြင်းသည် ASSA က အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ငါးကြိမ်မြောက် တာဝန်ယူခြင်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117