Asia
ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် မူကြိုကလေးငယ်များ ကားတိုက်ခံရ၊ ၂ ဦးသေဆုံး

တိုကျို၊ မေ ၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ နေ့ကလေးထိန်းစင်တာတစ်ခုမှ ကလေးငယ် ၁၀ ဦးကျော်အား ကားဖြင့်တိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့ကြောင်း မေလ ၈ ရက်တွင် ဒေသခံမီဒီယာက သတင်းဖော်ပြချက်အရ သိရသည်။
အသက် ၂ နှစ်နှင့် ၃ နှစ်အကြား ကလေးငယ် ၁၃ ဦး ပါဝင်သည့် လူအုပ်တစ်ခုကို ယာဉ်မောင်းက ဝင်တိုက်သွားခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ပြည်သူ့အသံလွှင့်ဌာန NHK ၏ ဖော်ပြချက်အရ သိရသည်။
၎င်းတို့သည် ရှီဂါစီရင်စု၊ အက်စ်တူမြို့တွင်လမ်းဆုံမီးပွိုင့်တွင် လမ်းဖြတ်ကူးရန် စောင့်ဆိုင်းနေစဉ် ယာဉ်မောင်းက ဝင်တိုက်မိခြင်းဖြစ်သည်။
မူကြိုကလေးငယ် ၁၃ ဦးနှင့် ၎င်းတို့အား စောင့်ရှောက်သူ အနည်းဆုံး၂ ဦး စုစုပေါင်း လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောခဲ့သည်။
အဆိုပါ ယာဉ်မောင်းသည် လမ်းဆုံနေရာ၌ အခြားကားတစ်စီးအား တိုက်မိပြီးနောက် ကလေးငယ်များနှင့် လိုက်ပါစောင့်ရှောက်သူများအား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အသက် ၅၂ နှစ်နှင့် ၆၂ နှစ်အရွယ် ယာဉ်မောင်းအမျိုးသမီး ၂ ဦးစလုံးကို အခင်းဖြစ်ရာနေရာ၌ပင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)