Asia
ဆောင်းရာသီအိုလံပစ် အတွက် မြောက်ကိုရီးယားက တောင်ကိုရီးယား နှင့် ဆက်သွယ်ရေးလိုင်းပြန်ဖွင့်မည်
ဆိုးလ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် ၂၀၁၆ခုနှစ်အစောပိုင်းကတည်းက ပိတ်ထားခဲ့သော ပန်မွန်ဂျုံ အပစ်အခတ်ရပ်စဲရေးရွာတွင် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်သွယ်ရေးလိုင်းအား ပြန်ဖွင့်မည်ဖြစ်ကြောင်း ပြည်တွင်း သတင်းဋ္ဌာနများက ဇန်နဝါရီ ၃ ရက်တွင်ဖော်ပြခဲ့သည်။
အဖမြေငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး မြောက်ကိုရီးယားကော်မတီ ၏ ပြောကြားချက်အရ တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆောင်းရာသီအိုလံပစ်အားကစားပွဲသို့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် ဆက်သွယ်ရေးလိုင်းအား ပြုံယမ်းစံတော်ချိန် နေ့လည် ၃း၃၀နာရီတွင် ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားအစိုးရက Kaesong စက်မှုဇုန်ကို တစ်ဖက်သတ်ပိတ်ခဲ့ပြီးကတည်းက ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း PyeongChang ပြည်နယ်တွင် ဖေဖော်ဝါရီလ၌ ကျင်းပမည့် ၂၀၁၈ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပွဲ သို့ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့စေလွှတ်ရေး နှင့် ပတ်သက်၍ ဇန်နဝါရီ ၉ ရက်တွင် မြောက်ကိုရီးယားနှင့် အကြီးတန်းအဆင့်၊ နှစ်နိုင်ငံအစိုးရများစကားဝိုင်းဆွေးနွေးရန် တောင်ကိုရီးယားဘက် က ဇန်နဝါရီ ၂ရက်တွင် အဆိုပြုခဲ့ကြောင်း သိရသည်။ (Xinhua)