Asia
တရုတ်နိုင်ငံက လှူဒါန်းသည့် အောက်စီဂျင်ဆလင်ဒါအိုးများ ၊ အသက်ရှူစက်များ နီပေါနိုင်ငံ လက်ခံရရှိ
ခတ္တမန္ဒူ ၊ မေ ၁၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံက လှူဒါန်းသည့် အောက်စီဂျင်ဆလင်ဒါအိုးများ နှင့် အသက်ရှူစက်များ ပထမအကြိမ် တင်ပို့မှုသည် နီပေါနိုင်ငံသို့ မေ ၁၁ ရက်တွင် ရောက်ရှိခဲ့ပြီး ယင်းမှာ နီပေါနိုင်ငံ၌ COVID-19 လူနာများအတွက် အောက်စီဂျင် မလုံလောက်မှုကို လျှော့ချရာတွင် အထောက်အကူပြုကြောင်း နီပေါနိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။အောက်စီဂျင်ဆလင်ဒါအိုးများ နှင့် အသက်ရှူစက်များ သယ်ဆောင်လာသည့် နီပေါလေကြောင်းလိုင်းမှ လေယာဉ်သည် တရုတ်နိုင်ငံ ပေကျင်းမြို့မှ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၁၆ နာရီတွင် ရောက်ရှိခဲ့ကြောင်း လေကြောင်းလိုင်း၏ ဦးဆောင်ညွှန်ကြားရေးမှူး Dim Prasad Poudel က ပြောကြားခဲ့သည်။
နီပေါနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အကူအညီအတွက် တရုတ်ဘက်နှင့် ညှိနှိုင်းခဲ့ပြီး တင်ပို့မှုအတွက် တရုတ်နိုင်ငံနှင့် သဘောတူခဲ့ကြောင်း သိရသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး D.B. Chhetri က ကျန်ရှိသော အောက်စီဂျင်ဆလင်ဒါအိုးများကို လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံဘက်က ပို့ဆောင်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အောက်စီဂျင်နည်းနေခြင်းကို အကြောင်းပြု၍ ဆေးရုံအများအပြားသည် လတ်တလောရက်များတွင် လူနာသစ်များအား လက်ခံမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။
“တရုတ်နိုင်ငံက ရောက်ရှိလာတဲ့ ဆလင်ဒါအိုးတွေက လုံလောက်မှာ မဟုတ်ပေမယ့် အောက်စီဂျင် အကြပ်အတည်းကို အတိုင်းအတာတစ်ခုအထိ လျှော့ချဖို့ အထောက်အကူဖြစ်ပါတယ်။”ဟု နီပေါနိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Jageshwor Gautam က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ လှူဒါန်းသော ဆလင်ဒါအိုးအများစုအား Kathmandu Valley ရှိ အစိုးရပိုင်ဆေးရုံများသို့ အများဆုံး ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ၊ နီပေါနိုင်ငံ အနောက်ဘက်ပိုင်း နှင့် အနောက်တောင်ဘက်ရှိ အကြပ်အတည်းဒဏ်သင့် ပြည်နယ်များသို့ အနည်းငယ် အသီးသီး ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နီပေါနိုင်ငံ၌ မေ ၁၁ ရက်အထိ လူနာသစ် ၉,၃၁၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၄၁၃,၁၁၁ ဦး ရှိလာခဲ့ကြောင်း နှင့် သေဆုံးသူပေါင်း ၄,၀၈၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။
နီပေါနိုင်ငံ ဝန်ကြီးချုပ် KP Sharma Oli က ကာကွယ်ဆေးများ ၊ ရောဂါရှာဖွေရေး ကိရိယာများ ၊ အောက်စီဂျင်ပစ္စည်းများ ၊ အရေးပေါ်စောင့်ရှောက်မှု ဆေးဝါးများနှင့် ကိရိယာများအား ရည်ညွှန်းပြီး မေ ၁၀ ရက်တွင် နီပေါနိုင်ငံသို့ နိုင်ငံတကာ အထောက်အပံ့များအတွက် ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါအပေါ် မကြာသေးမီက တရုတ်နိုင်ငံ ၊ အာဖဂန်နစ္စတန်နိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ နီပေါနိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများက video conference ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေး ထောက်ပံ့ရေး အသုတ်သစ် တစ်သုတ်နှင့်အတူ နီပေါနိုင်ငံသို့ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)
———————————————
(English Version)
#China #Nepal #donate #oxygen #တရုတ်နိုင်ငံ #နီပေါနိုင်ငံ #လှူဒါန်းမှု #အောက်စီဂျင် #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
Nepal receives China-donated oxygen cylinders, ventilators
KATHMANDU, May 12 (Xinhua) — The first shipment of China-donated oxygen cylinders and ventilators arrived in Nepal on Tuesday, which Nepali officials say are helpful in reducing the shortage of oxygen for COVID-19 patients in the country.
A Nepal Airlines plane landed at the Tribhuvan International Airport in Kathmandu at 16:00 local time with oxygen cylinders, ventilators and oxygen concentrators from Beijing, said Dim Prasad Poudel, managing director of the airline.
According to Nepal’s Finance Ministry which has been coordinating with the Chinese side for the assistance, there is an agreement with China for the delivery.
D.B. Chhetri, under secretary at the ministry, told Xinhua that the Chinese side would deliver the remaining oxygen cylinders in the next few weeks.
Citing the lack of oxygen, several hospitals have announced in recent days that they would not admit new patients.
“The cylinders arrived from China will not be sufficient but helpful to ease the oxygen crisis to some extent,” Jageshwor Gautam, spokesperson at Nepal’s Ministry of Health and Population, told Xinhua.
He said most of the China-donated cylinders would be distributed to large government-run hospitals in the Kathmandu Valley and a few would be sent to the crisis-hit provinces in southwestern and far-western Nepal respectively.
As of Tuesday, Nepal recorded a record high of 9,317 new infections, taking the total cases to 413,111, and the death toll has reached 4,084.
Nepali Prime Minister KP Sharma Oli again called for international support to Nepal on Monday, referring to vaccines, diagnostic tools, oxygen kits, critical care medicines and equipment in particular.
At a recent video conference of the foreign ministers of China, Afghanistan, Bangladesh, Nepal, Pakistan and Sri Lanka on COVID-19, Chinese State Councilor and Foreign Minister Wang Yi announced that China would provide Nepal with a new batch of anti-epidemic supplies. ■