Connect with us

Asia

တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်မြောက်ပိုင်းရှိ ဘိုးဘွားရိပ်သာတစ်ခုအနီးတွင် လူသေ အလောင်း ၉ လောင်းတွေ့ရှိ

Lionrock တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရပြီးနောက် ဂျပန်နိုင်ငံ Iwaizumi မြို့အား သြဂုတ်လ ၃၁ ရက်ကတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် အင်အားပြင်းထန်သော Lionrock တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခံရပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ နိုင်ငံမြောက်ပိုင်း Iwate စီရင်စု Iwaizumi မြို့ရှိ ဘိုးဘွားရိပ်သာ တစ်ခုအနီး၌ လူသေအလောင်း ၉ လောင်းကို သြဂုတ်လ ၃၁ ရက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၃ဝ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့သော Lionrock တိုင်ဖွန်းမုန်တိုင်းသည် ယခုနှစ်ရာသီအတွင်း ဂျပန်နိုင်ငံကို ဖြတ်၍ တိုက်ခတ်ခဲ့သော ၁ဝ လုံးမြောက် မုန်တိုင်းဖြစ်ပြီး ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ နယ်မြေများတွင် အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်များပြုလုပ်ရန် သက်ဆိုင်ရာက အမိန့်ပေးထားကြောင်း သိရသည်။(ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.