Asia
တောင်ကိုရီးယားသမ္မတသစ်က သင့်တင့်သောအခြေအနေတွင် မြောက်ကိုရီးယားနိုင်ငံသို့အလည်အပတ်သွားရောက်မည်ဟု ထုတ်ဖော်ပြောကြား

ဆိုးလ် ၊ မေ ၁ဝ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံသမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော မွန်ဂျေအင် ( Moon Jae-in) က တောင်ကိုရီးယားလွှတ်တော်၌ ယနေ့(မေလ ၁ဝ ရက်)တွင် ပြုလုပ်သည့် ရွေးကောက်ပွဲအနိုင်ရခြင်း ပထမဆုံးမိန့်ခွန်းပြောကြားမှုတွင် ၎င်းအနေဖြင့် သင့်တင့်သောအခြေအနေရှိပါက မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းသို့သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။(Xinhua)