Connect with us

Asia

တောင်ကိုရီးယားသမ္မတ သစ်အတွက် မဲပေးမှု စတင်

တောင်ကိုရီးယားနိုင်ငံသမ္မတ ရွေးကောက်ပွဲ၌ မဲထည့်နေသော တောင်ကိုရီးယားအကြီးဆုံး Minjoo ပါတီ အကြီးအကဲ Moon Jae in (ယာ) နှင့် ဇနီးဖြစ်သူ တို့ အားတွေ့ ရစဉ် (ဆင်ဟွာ)

ဆိုးလ် ၊ မေ ၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၌ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်ဖြင့် ရာထူးမှ ဖယ်ရှားခြင်းခံလိုက်ရသော သမ္မတ(ဟောင်း) ပက်ဂွမ်ဟေး နေရာအား ဆက်ခံရန် ပုံမှန်ကျင်းပနေကြ ကြားဖြတ်ရွေးကောက်ပွဲထက်စော၍ သမ္မတ(သစ်) ရွေးကောက်ပွဲကို ယနေ့(မေလ ၉ ) ရက်တွင် နိုင်ငံတစ်ဝန်းတွင် ကျင်းပနေကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံအတွက် နောက်ထပ် သမ္မတ တစ်ယောက်ကို တင်မြှောက်နိုင်ရန်အတွက် ဒေသစံတော်ချိန် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း မဲပေးမှု ရွေးချယ်ကြရမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းမဲရုံပေါင်း ၁၃၉၆၄ ရုံဖွင့်လှစ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုမဲပေးကြရန် ရည်ရွယ်ပြီး ဆန္ဒမဲပေးချိန်ကို ၂ဝ၁၂ ခုနှစ်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲထက် အချိန် နှစ်နာရီ ပိုပေးထားကြောင်း သိရသည်။

သမ္မတ(ဟောင်း) ပက်ဂွမ်ဟေး၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုကို ချေဖျက်ရန်အတွက် သမ္မတသစ်တစ်ယောက်ကို အာဏာလွှဲပြောင်းပေးနိုင်ရေး မျှော်လင့်ထားကြောင်း ၊ ပက်ဂွမ်ဟေးသည် စွပ်စွဲပြစ်တင်မှု နှင့် ဖမ်းဆီးထိန်းသိမ်းမှုများဖြင့် ကြုံတွေ့ခံရပြီး ရှေးရိုးစွဲ ပိတ်ပင်မှု၏ အကျိုးဆက်ဖြင့် ရာထူးမှ ပြုတ်ကျခဲ့ရခြင်းဖြစ်သည်။

အစောပိုင်းမဲပေးမှုတွင် ၂ဝ၁၃ ခုနှစ်က စတင်ခဲ့သော သမ္မတရွေးကောက်ပွဲ ပထမဆုံးအကြိမ်၌ မဲပေးသူဦးရေမှာ စံချိန်တင်ပမာဏ ၁၁ သန်း (သို့မဟုတ် ) စုစုပေါင်းဆန္ဒမဲ၏ ၂၆ ရာခိုင်နှုန်း အထိရှိခဲ့သည်။

သမ္မတ ပက်ဂွမ်ဟေးကို အစားထိုးမည့် ရွေးကောက်ပွဲတွင် ပြည်သူတို့၏ စိတ်ဝင်စားမှုမှာ အမြင့်ဆုံးဖြစ်နေပြီး မဲပေးသူဦးရေမှာလည်း တန်ပြန်သက်ရောက်မှု ရှိမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.