Asia
ထိုင်း မိဖုရားအသစ်၏ ပုံများ တရားဝင် ဖြန့်ချိ
ဘန်ကောက်၊ မေ ၁၈ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၏ မိဖုရားအသစ်၏ ပုံများကို မေ ၁၇ ရက်က တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။နန်းတက် မိဖုရားအသစ်ဖြစ်သော Suthida၏ ပုံတူ ဓာတ်ပုံ ၂၀ကို ပုံနှိပ်ထုတ်ဝေရန် ထိုင်းဘုရင် Maha Vajiralongkornက ခွင့်ပြုလိုက်ကြောင်း ထိုင်းအစိုးရ၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မေ ၁၇ ရက်တွင် ပြောကြားသည်။
တော်ဝင်မိသားစု၏ ဂုဏ်ရှိသောလှုပ်ရှားမှု ဓာတ်ပုံများကို အသုံးပြုရန် အစိုးရ ကိုယ်စားလှယ်လုပ်ငန်းများက ကြိုဆိုနေကြကြောင်း အဆိုပါ ဌာနက ဆိုသည်။မိဖုရား Suthida၏ ဓာတ်ပုံများသည် လေယာဉ်မှူး၊ ကြည်းတပ်နှင့် တော်ဝင်အစောင့် ဝတ်စုံများဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံတွင် မိဖုရား Suthida၏ မွေးနေ့ ဖြစ်သော ဇွန် ၃ရက် ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် ကြေညာခဲ့သည်။(Xinhua)