Asia
ထိုင်းနိုင်ငံရှိ ကော့စမွီ ကျွန်းအနီး စပိဘုတ် နစ်မြုပ်မှုကြောင့် ခရီးသွား ဧည့်သည် ၃ ဦး သေဆုံး၊ ၁ ဦး ပျောက်ဆုံး
ဘန်ကောက်၊ မေ ၂၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွီကျွန်းသို့ ပြန်လာသည့် စပိဘုတ် တစ်စီးသည် မေလ ၂၆ ရက်က နစ်မြုပ်ခဲ့ရာ ခရီးသွားဧည့်သည် ၃ ဦးသေဆုံးပြီး ၁ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ၃ ဦးအနက် ၂ ဦးမှာ ဗြိတိန်၊ ဂျာမနီနှင့် ဟောင်ကောင် စသည်တို့မှ ဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ဗြိတိန် အမျိုးသား တစ်ဦး ဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြည်ပ ခရီးသွား ဧည့်သည် ၃၂ ဦး၊ ဧည့်လမ်းညွှန် တစ်ဦးနှင့် စပိဘုတ် ဝန်ထမ်း သုံးဦး ပါဝင်သည့် စပိဘုတ်မှာ ကော့စမွီကျွန်းသို့ အပြန်လမ်း၌ လှိုင်းကြီးမှုကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
လှေပေါ်ပါသူ အများစုအား အခြား စပိဘုတ်ဖြင့် အလျင်အမြန် ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် နစ်မြုပ် သူများအား အစိုးရ ကယ်ဆယ်ရေး လှေများဖြင့် ကယ်တင်ခဲ့ရကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြထား သည်။
သေဆုံးခဲ့သည့် ဗြိတိန်နှင့် ဂျာမန် ခရီးသွား အမျိုးသမီးများမှာ နစ်မြုပ်ခဲ့သည့် လှေအတွင်း ပိတ်မိနေခဲ့ပြီး ဟောင်ကောင် အမျိုးသမီး ရုပ်အလောင်းကိုမူ ဒေသစံတော်ချိန် နံနက် ၁၁း၀၀ နာရီအချိန်၌ တွေ့ရှိခဲ့သည်။
ခရီးသည်အချို့ နှင့် စပိဘုတ် ဝန်ထမ်းများမှာ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြပြီး အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦးမှာမူ မေလ ၂၇ ရက်အထိ ဆေးရုံ၌ပင် ရှိနေသေးကြောင်း သိရသည်။
ဆောင်ခလာရှိ တရုတ် ကောင်စစ်ဝန်ရုံးကလည်း ဒဏ်ရာရရှိသူ ဟောင်ကောင် ခရီးသွား တစ်ဦးအား ဟိုတယ်သို့ ဘေးကင်းစွာ ပို့ဆောင်ခဲ့ပြီးကြာင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)