Connect with us

Asia

အသက် ၆၉ နှစ်အရွယ် ကမ္ဘာ့ အသက်အကြီးဆုံး ဆင် ဂျပန် တိရစ္ဆာန်ရုံ၌ သေဆုံး

ကမ္ဘာ့ အသက်အကြီးဆုံး ဆင် ဟာနကို အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

တိုကျို၊ မေ ၂၇ ရက် (ဆင်ဟွာ)

ဆင်တစ်ကောင်၏ အခွင့်အရေးနှင့် နေထိုင်မှု ဘဝအတွက် လူပေါင်းများစွာက အသနားခံစာ တင်သွင်းခြင်း ခံခဲ့ရသည့် ကမ္ဘာ့ အသက်အကြီးဆုံး ဆင်သည် အသက် ၆၉ နှစ်အရွယ်၌ ဂျပန်နိုင်ငံရှိ တိရစ္ဆာန်ရုံငယ် တစ်ခု၌ မေလ ၂၆ ရက်က သေဆုံးခဲ့သည်။

ပန်းပွင့်ကလေး ဟု အဓိပ္ပါယ်ရသော ဟာနကို (Hanako) အမည်ရှိ ဆင်သည် တိုကျို မြို့စွန်ရှိ အီနိုကာရှီရာ ပန်းဥယျာဉ်၌ မေလ ၂၆ ရက် နေ့လည်ပိုင်းက ၎င်း၏ နေရာ၌ပင် လဲကျနေတာ တွေ့ခဲ့ကြောင်း၊ ၎င်းအား ထူမပေးခဲ့သော်လည်း မအောင်မြင်ခဲ့သည့်နောက် သေဆုံးကြောင်း အတည်ပြုခဲ့သည်ဟု တိရစ္ဆာန်ရုံ ပြောရေး ဆိုခွင့်ရှိသူက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုင်း အစိုးရမှ ဂျပန်အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည့် ဟာနကိုသည် ၁၉၄၉ ခုနှစ်က ဂျပန်နိုင်ငံ တိုကျို မြို့သို့ ရောက်ရှိခဲ့စဉ်က ၎င်းမှာ အသက် ၂ နှစ်သာ ရှိသေးသည်။
ဟာနကိုသည် တောတွင်း၌ မွေးဖွားခဲ့သော်လည်း ၎င်း၏ ဘဝအချိန် အတော်များများမှာ လှောင်အိမ်အတွင်း၌သာ ကုန်ဆုံးခဲ့ကြောင်း မြက်ခင်းစိမ်း အနည်းငယ်သာရှိသည့် ကွန်ကရစ် ခြံဝင်းအတွင်း၌ တစ်ကောင်တည်း နေထိုင်ရသဖြင့် ကမ္ဘာ့ အထီးကျန် အဆန်ဆုံး ဆင်အဖြစ် တိရစ္ဆာန် အခွင့်အရေး အဖွဲ့ အစည်းများက သတ်မှတ် ခဲ့သည်။ ၎င်း နေထိုင်ရသည့် အခြေအနေ ဓာတ်ပုံများ တိရစ္ဆာန် ချစ်သူများ အကြား ပျံ့နှံ့သွားခဲ့ပြီး နောက်ပိုင်း စည်းရုံးလှုံ့ဆော်မှု တစ်ရပ် ဖြစ်ခဲ့သည်။
ဟာနကိုအား ကွန်ကရစ်ခြံအတွင်း အကျဉ်းကျခံဘဝမှ လွှတ်ပေးရန်နှင့် ထိုင်းနိုင်ငံသို့ ပြန်ပို့ပေးရေး တောင်းဆို ထားသည့် အွန်လိုင်း အသနားခံစာ တစ်စောင်အား ပြီးခဲ့သည့်နှစ်က လူဦးရေ တစ်သန်းခွဲ နီးပါးက လက်မှတ် ရေးထိုးခဲ့သည်။ သို့သော်လည်း ဟာနကိုမှာ ခရီးဝေးသွားရန် အသက်အရွယ် ကြီးလွန်းသည့်အတွက် ထိုင်းသို့ ပြန်ပို့ရန်မှာ မဖြစ်နိုင်ကြောင်း တိရစ္ဆာန်ရုံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဟာနကို သေဆုံးခြင်းအတွက် ထိုင်းသံရုံးက ထုတ်ပြန်ထားသည့် ကြေညာချက်၌ ဟာနကိုအား ဂျပန်နိုင်ငံ ဆိုင်ရာ ထိုင်းသံတမန်အဖြစ် ဖော်ပြထားပြီး ၎င်းသေဆုံးခြင်းအတွက် ထိုင်းနှင့် ဂျပန် နှစ်နိုင်ငံ ပြည်သူများက အလွန် ကြေကွဲဝမ်းနည်းကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.