Connect with us

Asia

ထိုင်းနိုင်ငံ၌ ဒေါ်လာ ၇၆.၇ သန်း တန်ဖိုးရှိ စိတ်ကြွဆေးများ နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၌ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်က တရားမဝင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု မြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုက စက်တင်ဘာ ၁၇ ရက် နှောင်းပိုင်းတွင် ထိုင်းဘတ် ၂.၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇၆.၇ သန်း) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ (မတ်အက်ဖာတမင်း) နှင့် ဘိန်ဖြူများကို ထိုင်းနိုင်ငံ၏ အလယ်အထက်ပိုင်း ဆူခိုထိုင်းပြည်နယ်(Sukhothai)တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းဗျူရိုက ထိုင်းရဲတပ်ဖွဲ့အနေဖြင့် စိတ်ကြွဆေးပြား ၁ဝ သန်း နှင့် ဘိန်းဖြူ ၃၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ၊ တတိယနိုင်ငံတစ်ခုသို့တင်ပို့မည့် မူးယစ်ဆေးဝါးများဖြစ်မည်ဟု ယုံကြည်ရကြောင်း ဆိုသည်။မူးယစ်ဆေးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက Sukhothai ပြည်နယ်အတွင်း Sukhothai မှ Tak သို့ဦးတည်မောင်းနှင်သော အဝေးပြေးလမ်းမပေါ်ရှိ ပစ်ကပ်ကားတစ်စီးအား ရပ်တံ့စစ်ဆေးခဲ့ကြောင်း နှင့် ယင်းကားပေါ်တွင် ကြက်မစင်(ကြက်ချီး)ပုံများ အကြားသိုဝှက်တင်ဆောင်လာသော မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရပ်ကားမောင်းသမား နှင့် အမျိုးသမီး သုံးဦးကို လက်ရဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အားလုံးသည် မှုန်း(Hmong) တောင်ပေါ်နေမျိုးနွယ်စုဝင်များဖြစ်ကြောင်း သိရသည်။မူးယစ်ဆေးဝါးများကို အထုတ်ငယ်များဖြင့် ထည့်ကာ ယင်းအထုတ်များကို ပလတ်စတစ်ဖြင့် ပတ်ထားကြောင်း နှင့် ကားပေါ်တင်ဆောင်လာသော ကြက်မစင်(ကြက်ချီးပုံ)များအကြား နစ်မြှုပ်၍ သိုဝှက်သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းဖြစ်သူ Prawit sae Ma က ရဲတပ်ဖွဲ့အားပြောကြားရာတွင် အဆိုပါကြက်ချီးများကို Tak ခရိုင် Phob Phra သို့ပို့ဆောင်ပေးခြင်းဖြင့် ထိုင်းဘတ် ၇ဝဝ,ဝဝဝ(အမေရိကန်ဒေါ်လာ ၂၁,၄၇၃) ပို့ဆောင်ခ ရရှိကြောင်း ဆိုသည်။ထိုင်းမူးယစ်ဆေးနှိမ်နင်းရေးဗျူရိုက ၎င်းမူးယစ်ဆေးဝါးများကို ဖြန့်ဖြူးရန်အတွက် တင်ပို့မည့် တတိယနိုင်ငံအမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ဗျူရိုက ထိုင်းနိုင်ငံ၏ ပထဝီဝင်မြေပြင်အနေအထားသည် မူးယစ်မောင်ခိုသမားများအတွက် ကြားခံနေရာအဖြစ်အသုံးပြုရန် ဖြစ်နေကြောင်း ၊ ထိုင်းမှတဆင့် မူးယစ်ဆေးဝါးများကို သင်္ဘောဖြင့် တတိယနိုင်ငံသို့တင်ပို့နေကြောင်း ပြောကြားခဲ့သည်။မှောင်ခိုသမားများသည် မူးယစ်ဆေးဝါးများကို တောင်ပိုင်းမှ တဆင့် နယ်စပ်ဖြတ်ကျော်၍ သင်္ဘောများဖြင့် သယ်ဆောင်ရန်အတွက် ဘန်ကောက်မြို့( သို့မဟုတ်) အခြား နိုင်ငံအလယ်ပိုင်း ပြည်နယ်များကို ခရီးတစ်ထောက်အဖြစ် ယာယီရပ်နားရန် အသုံးပြုနေကြကြောင်း ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.