Connect with us

Asia

နယူးဒေလီတွင် အရှိန်ဖြင့် မောင်းနှင်လာသည့် ရထားဖြင့် တိုက်မိ၍ နွားအကောင် ၂၀ သေဆုံး

အိန္ဒိယနိုင်ငံအတွင်း ပြေးဆွဲနေသော ရထားတစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့ တွင် သြဂုတ် ၈ ရက် နှောင်းပိုင်းက အရှိန်ဖြင့်မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စင်းဖြင့် တိုက်မိ၍ နွားအကောင် ၂၀ သေဆုံးခဲ့ကြောင်း ရထားလမ်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ထိတ်လန့်ဖွယ်ဖြစ်ရပ်သည် ဒေလီမြို့၏ Narela ဧရိယာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွားအုပ်တစ်အုပ်သည် ရထားလမ်းအား ဖြတ်ကူးနေချိန် တွင် နွားများအား ရထားဖြင့် တိုက်မိခြင်းဖြစ်ကြောင်း နှင့် ရထားမောင်းသူ သည် အရေးပေါ်ဘရိတ်အား အသုံးပြုခဲ့သော်လည်း ရပ်တန့်သွားချိန်တွင် နွားအကောင် ၂၀ကို တိုက်မိခဲ့ပြီးဖြစ်ကြောင်း ရထားလမ်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် ယင်းဧရိယာအတွင်း ရထားပြေးဆွဲမှုများ ၂နာရီကျော်ကြာ ကြန့်ကြာခဲ့ကြောင်း သိရသည်။

အခြားတာဝန်ရှိသူတစ်ဦးက ခရီးသည်တင်ရထား သည် လိုရာခရီးသို့ ဆက်လက်မထွက်ခွာခင် ရထားလမ်းပေါ်မှ နွားအသေကောင်များကို ရှင်းလင်းခဲ့ကြောင်း နှင့် ရထားသည် နွားအုပ်အား အရှိန်အပြည့်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ရထားလမ်းများသည် ကမ္ဘာပေါ်တွင် အကြီးဆုံးရထားလမ်းကွန်ရက်များဖြစ်ပြီး နေ့စဉ် ခရီးသည် ၂၃သန်းကျော် ကို ပို့ဆောင်ပေးနေကာ နိုင်ငံ၏ မြောက်မှတောင်သို့ ကန့်လန့်ဖြတ် ဆက်သွယ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.