Asia
နိုင်ငံတကာ စက်ဘီးပြပွဲ ဗီယက်နမ်တွင် ကျင်းပ
ဟနွိုင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ နိုင်ငံတကာ စက်ဘီးပြပွဲအား ပထမဆုံးအကြိမ်အဖြစ် မြို့တော် ဟနွိုင်းတွင် နိုဝင်ဘာလ ၁၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲသို့ ဗြိတိန်၊ တရုတ်နှင့် ပြင်သစ် အပါအဝင် ပြည်ပနိုင်ငံများမှ ပြခန်းပေါင်း ၁၅၀ ဖြင့် အဓိက ထုတ်လုပ်သူ ၅၀ တို့က ပါဝင် ပြသကြမည် ဖြစ်သည်။
ထိုပြပွဲအား “သဘာဝ ပတ်ဝန်းကျင်နှင့်အညီ ဘေးကင်းစွာ သွားလာမှု မြှင့်တင်ရေး” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သွားမည် ဖြစ်ပြီး စက်ဘီးစီးခြင်း အလေ့အား မြှင့်တင်ရန်နှင့် အစိမ်းရောင် စွမ်းအင် သုံးစွဲမှု တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဗီယက်နမ် အော်တို မော်တော် ဆိုက်ကယ် စက်ဘီး အသင်း ဒုတိယ ဥက္ကဋ္ဌ ငုယင် ဟူဆန်က ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။
ယင်း ပြပွဲသို့ ပြည်တွင်း၊ ပြည်ပ ဖြန့်ဖြူးသူနှင့် ထုတ်လုပ်သူများ၊ ပြည်သူများအပါအဝင် လူဦးရေ ၁၅,၀၀၀ တက်ရောက်ကြပြီး ပြပွဲအား နိုဝင်ဘာလ ၁၉ ရက်အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)