Connect with us

Asia

လူထုအုံကြွမှုပြုလုပ်ရန် ဦးဆောင်သူကိုမလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး

မလေးနိုင်ငံ၌ ရှပ်နီဝတ်ဆန္ဒပြသူတစ်ဦးအား ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီးနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ကွာလာလမ်ပူမြို့၌ အတိုက်အခံပါတီမှဦးဆောင်၍ ကြီးမားသောလူထုအုံကြွမှုပြုလုပ်ရန် ကြိုးပမ်းမှုဖြင့် ဦးဆောင်လှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို နိုဝင်ဘာလ ၁၉ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရသည်။

မလေးရှားရဲတပ်ဖွဲ့သည် သန့်ရှင်းသောရွေးကောက်ပွဲ နှင့် အုပ်ချုပ်ရေး ဖြစ်ပေါ်ပေါက်စေရေးအတွက် ဦးဆောင်လှုပ်ရှားသူ Bersih အုပ်စုခေါင်းဆောင် မာရီယာချင်းအဗ္ဗဒူလာ (Maria Chin Abdullah) အပါအဝင် ရှပ်နီ ခေါင်းဆောင် ဂျမားယူနွတ်စ်( Jamal Yunos ) တို့အားဖမ်းဆီး ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါ အုပ်စု နှစ်ခုစလုံးသည် ကွာလာလမ်ပူမြို့လယ်၌ လူထုအုံကြွမှုပြုလုပ်ပြီး ကြောက်မက်ဖွယ် ထိပ်တိုက်ရင်ဆိုင်မှုပြုလုပ်သွားရန် လှုံ့ဆော်ခဲ့ကြကြောင်း သိရသည်။

မာရီယာချင်းအား နိုင်ငံခြားတိုင်းပြည် မှထောက်ပံ့ငွေ လက်ခံရယူမှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး ဂျမားကိုမူ ဥပဒေမဲ့လူစုလူဝေး တွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။အဆိုပါ ညလုံးပေါက်ပြုလုပ်သော စစ်ဆင်ရေးအတွင်း လူထုအုံကြွမှုများတွင် ပါဝင်ပတ်သက်မှုဖြင့် အတိုက်အခံ ခေါင်းဆောင်များအပါအဝင် လူပေါင်း ၁ဝ ဦးထက်မနည်းကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Najib Razak က အတိုက်အခံပါတီသည် အစိုးရပြုတ်ကျအောင် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဝေဖန်မှုပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.