Asia
နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးမှ ဖိလစ်ပိုင် နုတ်ထွက်ကြောင်း အကြောင်းကြားစာ သမ္မတ ဒူတာတေး ထုတ်ပြန်မည်

မနီလာ၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီကို ဒူတာတေး သည် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) မှ နုတ်ထွက်ကြောင်း အကြောင်းကြားစာ တစ်စောင်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ က မတ် ၁၄ရက်တွင် ပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ Harry Roque က သမ္မတ ရိုဒရီကို ဒူတာတေး သည် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) ၏ ပါတီဝင် နိုင်ငံတစ်ခုအဖြစ်မှ ဖိလစ်ပိုင်နိုင်ငံ နုတ်ထွက်ကြောင်း အကြောင်းကြားစာပေးပို့ရန် အမှုဆောင်အတွင်းရေးမှူးအား ညွှန်ကြားခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
သမ္မတရုံးက ဒူတာတေးသည် ICC မှ နုတ်ထွက်ရန် အမှန်တကယ်ဆုံးဖြတ်ခဲ့သည့် ထုတ်ပြန်ချက်မူကြမ်း အား ထုတ်ပြန်ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် Roque၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတတစ်ဦးအနေဖြင့် ရောမဥပဒေဆိုင်ရာ ဖိလစ်ပိုင်သဘောတူညီချက် မှ ဖိလစ်ပိုင်နိုင်ငံ နုတ်ထွက်ကြောင်း ကြေညာပြီး အကြောင်းကြားစာ ချက်ချင်းပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မူကြမ်းတွင်ပြောကြားခဲ့သည်။ (Xinhua)