Asia
ပထမဆုံးမိခင်နို့ရည်ဘဏ် ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင်ဖွင့်လှစ်
ဟိုချီမင်းစီးတီး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ ဟိုချီမင်းစီးတီး၊ Tu Du ဆေးရုံတွင် ပထမဆုံးမိခင်နို့ရည်ဘဏ် ကဧပြီလ ၁၀ရက်တွင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ရွေးချယ်ထားသည့် ကလေးနို့တိုက်မိခင်များမှ လှူဒါန်းထားသည့် နို့ရည်များ ကို တင်းကျပ်သည့် စစ်ဆေးမှုများဖြင့်ရယူထားပြီး အပူပေး ပိုးသတ်၍ ပိုးမွှားကင်းစင်သည့် နေရာတွင် သိုလှောင်ထားခဲ့ကာ နို့မထွက်သောမိခင် သို့မဟုတ် စိုးရိမ်ရသောရောဂါရှိသည့် မိခင်များမှမွေးဖွားသော မွေးကင်းစကလေးများအတွက် နို့ရည်ထောက်ပံ့ပေးကြောင်း Vietnam News သတင်းစာတွင် နိုဝင်ဘာလ ၁၁ ရက်တွင်ဖော်ပြခဲ့သည်။
နှစ်စဉ် Tu Du ဆေးရုံတွင် ဆေးရုံမှတ်တမ်းများအရ လမစေ့ပဲ ကလေးမွေးဖွားမှု ၆၀၀၀ မှ ၇၀၀၀ ကြားရှိကာ ၎င်းတို့၏ ကုသရေး နှင့် ပြန်လည်နလံထူစေရန် မိခင်နို့်ရည်လိုအပ်ကြောင်း Tu Duဆေးရုံမှ ဒါရိုက်တာ Le Quang Thanh ကပြောသည်။
ရှေရှည်တွင် ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နို့ဘဏ်များအားတစ်ခုနှစ်ခုမျှသာ ထူထောင်ခြင်းမဟုတ်ပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သားဖွား နှင့် ကလေးဆေးရုံများ တွင် မွေးကင်းစကလေးများ မိခင်နို့ရည်ရရှိနိုင်ရန် ထိုဆေးရုံကို စံပြအဖြစ်ထား၍ ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ (Xinhua)