Connect with us

Asia

ပါကစ္စတန်နိုင်ငံ လာဟိုး၌ အသေခံဗုံးခွဲမှုဖြစ်ပွား ၁၄ ဦးသေ ၊ ၆ဝ ဦး ဒဏ်ရာရ

အစ္စလာမ်မာဘတ် ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ပြည်နယ်လွှတ်တော်ရုံးပြင်ပ၌ ဖေဖော်ဝါရီလ ၁၃ ရက် ညနေပိုင်းက ဆန္ဒပြနေသော လူအုပ်ထဲအတွင်း အသေခံဗုံးခွဲမှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၁၄ ဦးသေဆုံးပြီး အခြား ၆ဝ ခန့်ထိခိုက်ဒဏ်ရာရသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြီးတန်းရဲအရာရှိ နှစ်ဦး နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် နှစ်ဦး လည်း သေဆုံးသွားကြောင်း ပန်ဂျပ်ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Malik Ahmad က ဆိုသည်။

အကြီးတန်းရဲအရာရှိ Zahid Gondal နှင့် ဒုတိယ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲဗိုလ်ကြီး Mobeen တို့နှစ်ဦးတို့သည်လည်း ယာဉ်အသွားအလာအတွက် လမ်းပေးရန် ဆန္ဒပြသမားများနှင့် ညှိနှိိုင်းမှုပြုလုပ်နေစဉ် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ၌ ဖေဖော်ဝါရီလ ၁၃ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၌ ဖေဖော်ဝါရီလ ၁၃ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၌ ဖေဖော်ဝါရီလ ၁၃ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂ မိနစ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Urdu ရုပ်သံချန်နယ် Dunya က သတင်းတင်ပြခဲ့သည်။ ဓာတုပစ္စည်းများ နှင့် ဆေးဝါးထုတ်လုပ်သူများ စက်ရုံမှ ရာပေါင်းများစွာသော ဆန္ဒပြသူများသည် လာဟိုးမြို့၏ လူသွားလူလာများသည့် ဈေးလမ်းမကြီးပေါ်၌ အစိုးရ၏ ဥပဒေသစ်အား ကန့်ကွက်ဆန္ဒပြနေကြစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသေခံဗုံးခွဲသမားသည် ဆိုင်ကယ်တစ်စီးဖြင့် လူအုပ်ကြီးထဲသို့မောင်းဝင်၍ အသေခံဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

သတင်းသမားများ ၊ ဓာတုဗေဒပညာရှင်များ ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူများကို အရေးပေါ်အခြေအနေကြေညာထားသည့် ပြည်နယ်အတွင်းရှိ နီးစပ်ရာ အစိုးရဆေးရုံများသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဒဏ်ရာရသူများထဲတွင် စိုးရိမ်စရာအခြေအနေ ရှိနေသူများပါဝင်နေသဖြင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း ဆေးရုံသတင်းအရင်းအမြစ်များက ပြောသည်။ တိုက်ခိုက်မှုကြောင့် ရုပ်သံတိုက်ရိုက်လွှင့်ပေးသည့် (DSNG) ဒီဂျစ်တယ် ဂြိုဟ်တုစက်တင်ဆောင်ထားသော ဘန်ကားတစ်စီးအပါအဝင် ကားအစီးအရေပေါင်းများစွာ ပျက်စီးသွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.