Connect with us

Asia

ပါကစ္စတန်တရားရုံး က ချစ်သူများနေ့ (Valentine’s Day) ကျင်းပခြင်းအား ပိတ်ပင်တားမြစ်

ပါကစ္စတန်နိုင်ငံ ရှိ ချစ်သူများနေ့အမှတ်တရ အရောင်းဆိုင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်တရားရုံးချုပ်က နိုင်ငံတစ်ဝန်းရှိ အများပြည်သူဆိုင်ရာနေရာများ နှင့် အစိုးရရုံးများ၌ ချစ်သူများနေ့ကျင်းပခြင်းကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ပိတ်ပင်တားမြစ်လိုက်ပြီး ချက်ချင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အစ္စလာမ်မာဘတ်တရားရုံးချုပ် (IHC) တရားသူကြီး Shaukat Aziz သည် နိုင်ငံသားတစ်ဦးတင်သွင်းသော လျှောက်ထားချက်အား ကြားနာခဲ့ပြီး ချစ်သူများနေ့နှင့် ပတ်သက်၍ သဘောထားများ၊ စိတ်ကူးများကို ဆိုရှယ်မီဒီယာများနှင့် သတင်းဋ္ဌာနကြီးများ၌ ရေးသားဖော်ပြမှုများကို တားမြစ်ခဲ့ကာ တရားရုံး၏ တားမြစ်ချက်အမိန့် နှင့် ပတ်သက်၍ သတင်းအချက်အလက်ဝန်ကြီးဋ္ဌာန၊ ဖယ်ဒရယ်အစိုးရ၊ ပါကစ္စတန်အီလက်ထရောနစ်မီဒီယာစည်းမျဉ်းစည်းကမ်း အာဏာပိုင်အဖွဲ့ နှင့် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မြို့ မဟာမင်းကြီးတို့ ထံမှ ပြန်ကြားချက်များကိုလည်း စိစစ်လေ့လာခဲ့ကြောင်း သိရသည်။

တရားရုံးသို့ လျှောက်ထားချက်တွင် ချစ်သူများနေ့နှင့် ပတ်သက်၍ သဘောထားများ၊ စိတ်ကူးများကို သတင်းဋ္ဌာနကြီးများ နှင့် ဆိုရှယ်မီဒီယာများ၌ ရေးသားဖော်ပြချက်များသည် အစ္စလာမ်မစ် ဆိုင်ရာ သင်ကြားမှုများ နှင့် ဆန့်ကျင်နေသည့်အတွက်ကြောင့် ချက်ချင်း ပိတ်ပင်တားမြစ်သင့်ကြောင်း နှင့် ချစ်သူများနေ့သည် ချစ်ခြင်းမေတ္တာကို အကြောင်းပြ၍ မသင့်လျော်သည့်အပြုအမူများ ပိုမိုဖြစ်ပေါ်လာစေပြီး ပြည့်ဝကောင်းမွန်သည့် ယဉ်ကျေးမှုကို ဆန့်ကျင်နေခြင်းဖြစ်ကြောင်း ရေးသားထားသည်။

နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့နှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံသားများထံမှ မတူညီသည့် တုံ့ပြန်မှုများထွက်ပေါ်လာပြီး အနည်းငယ်သော ထောက်ခံသူများက ဖေဖော်ဝါရီ ၁၄ရက်တွင် အဓိကအားဖြင့် မြို့ကြီးများ၌ ချစ်သူများနေ့ကို ဆင်နွှဲလေ့ရှိကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် ပထမဆုံးအနေဖြင့် ဟော်တယ်ကြီးများသည် ချစ်သူများနေ့အား ဆင်နွှဲရန် အထူးအစီအစဉ်များဖြင့် ချစ်သူစုံတွဲများအား ပွင့်လင်းစွာ ဆွဲဆောင်၍ ဈေးကွက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

ပါကစ္စတန်အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် အစိုးရ က ယင်းနေ့နှင့် ပတ်သက်၍ ချစ်သူရည်းစားများအား မသင့်လျော်သည့် အပြုအမူများမပြုလုပ်ရန် သတိပေးခဲ့ပြီး မိဘများအနေဖြင့် ချစ်သူများနေ့၌ ၎င်းတို့၏ သားသမီးများအား သတိထားစောင့်ကြည့်ကြရန် နှင့် မသင့်လျော်သည့် နေထိုင်မှုများ အားတားဆီးရန် အထူးရဲတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

၂၀၁၆ခုနှစ်ကလည်း ပါကစ္စတန် သမ္မတ မန်မိုဟန်ဆင်း က နိုင်ငံအတွင်း ချစ်သူများနေ့မကျင်းပရန် တိုက်တွန်းခဲ့ပြီး ယင်းနေ့သည် နိုင်ငံ၏ ယဉ်ကျေးမှု၊ ဘာသာရေး၊ အမျုးိသားရေး နှင့် ဆက်စပ်မှုမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.