Asia
ပါကစ္စတန်နိုင်ငံဘက်က ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးမှုကြောင့် လူ ၂၂ဦး သေဆုံး

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံဘက်က ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇူလိုင် ၁၅ ရက် တွင် သတင်းဖော်ပြခဲ့သည်။
အချို့သူများလည်း ရေကြီးမှုအတွင်း ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံ အရာရှိများကဆိုသည်။ (Xinhua)