Connect with us

Asia

ပြင်းအား ၅.၆ အဆင့်ရှိ ငလျင် အင်ဒိုနီးရှားတွင် လှုပ်ခတ်

ငလျင်တိုင်းတာခြင်းအား သရုပ်ဖော်ထားစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ နေရာအတော်များများတွင် ဒီဇင်ဘာလ ၄ ရက်က ပြင်းအား ရစ်ချ်တာစကေး ၆.၅ ရှိသော ငလျင် တစ်ခုလှုပ်ခဲ့ကြောင်း ဘူမိရူပ လုပ်ငန်းက ပြောကြားလိုက်သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ည ၁၂း၂၄ နာရီတွင် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းရှိ စူလာဝစီပြည်နယ် အရှေ့မြောက်ဘက် ကီလိုမီတာ ၁၁၀ အကွာနှင့် ပင်လယ်ကြမ်းပြင်အောက် ၁၂၄ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်း လုပ်ငန်း၏ အရာရှိ တစ်ဦးက တယ်လီဖုန်းမှတဆင့် ဆင်ဟွာသို့ ပြောကြားခဲ့သည်။အင်ဒိုနီးရှားနိုင်ငံသည် “The pacific Ring of Fire” ဟူခေါ်သည့် ငလျင် ဇုန်အတွင်း၌ တည်ရှိနေသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.