Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၌ ခရီးသည် ၁၆ ဦးလိုက်ပါသွားသော လေယာဉ် အဆက်အသွယ်ပြတ်တောက်နေ

အင်ဒိုနီးရှားနိုင်ငံ Batam ကျွန်းရေပြင်အား ဝေဟင်မှ မြင်တွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျာကာတာ ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

ခရီးသည် ၁၆ ဦးတင်ဆောင်ထားသော လေယာဉ်တစ်စင်းသည် ယနေ့( ဒီဇင်ဘာ ၃ ရက်) တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ Batam ကျွန်းရေပြင်ပေါ် ဖြတ်ကျော်ပျံသန်းစဉ် အဆက်အသွယ်ပြတ်တောက်သွားကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့မှ ပိုင်ဆိုင်သော M28 Skytruck ခရီးသည်တင် လေယာဉ်သည် Pinang မြို့မှ Kepulauan Riau ပြည်နယ် Batam ကျွန်းသို့ပျံသန်းစဉ် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားအမျိုးသား ကယ်ဆယ်ရေး နှင့် ရှာဖွေရေး ရုံး မှ ပြောရေးဆိုခွင့် ရှိသူ Marsudi က ဆင်ဟွာသတင်းဌာနသို့တယ်လီဖုန်းဖြင့် ပြောကြားသည်။

“ ဒီနေ့(စနေနေ့) မှာ လေယာဉ်က အဆက်အသွယ်ပြတ်တောက်သွားတယ်။ လေယာဉ်ရဲ့ အခြေအနေဘယ်လို ရှိမလဲဆိုတာတော့ မသိရသေးဘူး” ဟု တာဝန်ရှိသူများက ပြောသည်။ Batam ကျွန်းရေပြင်ပေါ်တွင် အင်ဒိုနီးရှားဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၂ဝ မိနစ်ခန့်တွင် လေယာဉ်အပျက်အစီးပိုင်းများကို ဒေသခံများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

“ လေယာဉ်က Batam ကျွန်းရေပြင်ပေါ်မှာ ပျက်ကျသွားတာဖြစ်မယ်လို့မှန်းဆရပါတယ်။ ကယ်ဆယ်ရေး နဲ့ရှာဖွေရေးကတော့ အခုလုပ်ဆောင်နေတုန်းပဲ” ဟု Marsudi က ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117