Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် လူ ၁၆ ဦးတင်ဆောင်လာသည့် လေယာဉ် ပျက်ကျ

အင်ဒိုနီးရှားတွင် ပျက်ကျသွားခဲ့သည့် M28 Skytruck လေယာဉ် အမျိုးအစား လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ရဲဝန်ထမ်း ၁၆ ဦးအား တင်ဆောင်လာသည့် လေယာဉ် တစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဘတ်တမ် ရေပြင်အတွင်းသို့ ပျက်ကျခဲ့ရာ သေဆုံးသူများ၏ ခန္ဓာကိုယ်များနှင့် လေယာဉ် အပျက်အစီးများအား ရှာတွေ့ခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ဒီဇင်ဘာလ ၄ ရက်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှား ရဲဋ္ဌာနပိုင် M28 Skytruck လေယာဉ်သည် ဒီဇင်ဘာလ ၃ ရက်က ဘတ်တမ်ကျွန်း ရေပိုင်နက်အပေါ်၌ ပျံသန်းနေစဉ် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ မာစူဒီက ပြောသည်။“လေယာဉ်က ပျက်ကျခဲ့တာပါ၊ သေဆုံးသူ သုံးဦးရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ပြန်သယ်နိုင်ခဲ့တယ်၊ လေယာဉ်ရဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေ တော်တော်များများလဲ ပြန်တွေ့ခဲ့တယ်” ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသို့ တယ်လီဖုန်းကတဆင့် ပြောကြားခဲ့သည်။လေယာဉ် ပျက်ကျသည့် နေရာအား ရှာတွေ့ထားပြီ ဖြစ်ကြောင်း၊ စစ်သား၊ ရဲနှင့် အခြား ဒေသခံ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ရုံးမှ လူများ အပါအဝင် သုံးရာကျော်တို့က လေယာဉ်၏ အဓိက အစိတ်အပိုင်းများအား ရှာဖွေခဲ့ရကြောင်း သိရသည်။အဆိုပါ လေယာဉ်သည် ကပ်ပူလောင် ရိုင်အူပြည်နယ်ရှိ ပန်ကယ် ပီနန်းမြို့မှ ဘတ်တမ်ကျွန်းသို့ သွားရောက်ခြင်း ဖြစ်ကြောင်း မာစူဒီက ပြောသည်။ (Xinhua)