Asia
ဖိလစ်ပိုင်တောင်ပိုင်းတွင် လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ဦးသေ၊ ၄ဦး ဒဏ်ရာရရှိ
မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Zamboanga မြို့ ရှိ ဗလီတစ်ခုအတွင်း၌ ဇန်နဝါရီ ၃၀ ရက် အစောပိုင်းက လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
အမည်မသိလူ၂ ဦးသည် ဗလီအတွင်းသို့ လက်ပစ်ဗုံးတစ်လုံးအား ပစ်ထည့်ခဲ့ရာ အသက် ၄၆ နှစ် နှင့် ၄၇နှစ်အရွယ် အမျိုးသား ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရရှိသူ အများစုသည် Basilan ပြည်နယ် နှင့် အနီးအနားရှိ အခြားပြည်နယ်များမှ အစ္စလာမ်တရားဟောဆရာများဖြစ်ကြပြီး ပေါက်ကွဲမှုဖြစ်ပွားချိန် ၌ အိပ်ပျော်နေကြကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ယခုအချိန်အထိ မည်သူကပြုလုပ်ခြင်းဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။
ဖိလစ်ပိုင်တောင်ပိုင်း ဆူလူပြည်နယ် ဂျိုလိုကျွန်း တွင် ဇန်နဝါရီ ၂၇ ရက်ကဖြစ်ပွားခဲ့သော လူအယောက် ၂၀ကျော် သေဆုံးခဲ့သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဗုံးခွဲတိုက်ခိုက်ခဲ့ရမှု အပြီး ယခုပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဂျိုလိုတိုက်ခိုက်မှုအား အာဏာပိုင်များက စုံစမ်းစစ်ဆေးနေစဉ် ဖိလစ်ပိုင်နိုင်ငံတွင် လုံခြုံရေးအခြေအနေ တင်းကျပ်ထားကြောင်း သိရသည်။ (Xinhua)