Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် လူ ၁၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံရှိ ဆေးရုံကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒရာပရာဒတ်ရှ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၉ ရက်အစောပိုင်းက ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိခြင်းကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုသည် မတ်ဒရာပရာဒက်ရှ်ပြည်နယ်မြို့တော် ဘိုပယ်လ်၏ အနောက်ဘက် ၂၀၉ ကီလိုမီတာခန့်အကွာ Ujjain ခရိုင် ရမ်ဂါရ်နယ်မြေ၌ ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၃၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့၏အဆိုအရ သေဆုံး၊ ဒဏ်ရာရသူများမှာ နက်ဒါမြို့ရှိ မင်္ဂလာဆောင်သို့ သွားရောက်ပြီးနောက် အိမ်ပြန်လာကြသူများဖြစ်ကြောင်း သိရသည်။

“ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဒေသခံများနဲ့ ရဲတပ်ဖွဲ့တွေက ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးပြီး သေဆုံးသူတွေကို သယ်ဆောင်သွားခဲ့ကြတယ်” ဟု တာဝန်ရှိသူက ဆိုသည်။

မတ်ဒရာပရာဒတ်ရှ်ပြည်နယ် ဝန်ကြီးချုပ် ကာမဲလ်နတ် (Kamal Nath) က ယာဉ်တိုက်မှုအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူတစ်ဦးချင်းစီအတွက် အမေရိကန်ဒေါ်လာ ၂၈၂၀ ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူများအတွက် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဝမ်းနည်းစကားပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.