Asia
ဖိလစ်ပိုင်တွင် သေနတ်သမားများ ဗီယက်နမ်သင်္ဘောသား ငါးဦးအား ပြန်ပေးဆွဲ
မနီလာ၊ နိုဝင်ဘာ ၁၁ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ်ကမ်းရိုးတန်းအလွန် တွင် နိုင်ငံခြား သင်္ဘောတစ်စီး မှ ဗီယက်နမ်လူမျိုး သင်္ဘောသား ငါးဦးအား အနည်းဆုံး သေနတ်သမား ၁၀ဦးက နိုဝင်ဘာ ၁၁ရက်တွင် ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်အရ Mindanao ပြည်နယ် နှင့် Basilan ပြည်နယ် တို့ရှိ ကျွန်းများကို ပိုင်းခြားထားသည့် Basilan ရေလက်ကြားတွင် တည်ရှိသော Sibago ကျွန်းအနီး တွင် MV Royale 16 အမည်ရှိ ဗီယက်နမ်သင်္ဘော အား သေနတ်သမားများက နိုဝင်ဘာ ၁၁ရက် ဒေသစံတော်ချိန် နံနက်၇နာရီ တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
မြို့တော်ဝန် Filemon Tan က ကမ်းခြေစောင့်တပ်ဖွဲ့သည် အဆိုပါ ဖြစ်ရပ်အား ဖိလစ်ပိုင်စစ်တပ်သို့ အလျင်အမြန် အကြောင်းကြားခဲ့ပြီး ပြန်ပေးဆွဲခံရသည့် သင်္ဘောသားများအား ရှာဖွေကယ်ဆယ်ရန် ရေပြင် နှင့် ဝေဟင် တပ်သားများအား ဖြန့်ကျက်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။
Tan နှင့် ကမ်းခြေစောင့်တပ်ဖွဲ့က သေနတ်သမားများသည် ဓါးစားခံများနှင့်အတူ လွတ်မြောက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)