Asia
ဖိလစ်ပိုင်တွင် အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွား

မနီလာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ Occidental Mindoro ပြည်နယ် တွင် သြဂုတ် ၃၁ ရက်က အင်အား ၅.၂ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဌာန (Phivolcs) ကပြောကြားခဲ့သည်။
Phivolcs က ငလျင်သည် ဒေသစံတော်ချိန် ည ၁၀း၄၀နာရီတွင် Occidental Mindoro ပြည်နယ် Abra De Ilog မြို့ အနောက်မြောက်ဘက် ၁၂ကီလိုမီတာ ရှိ မြေပြင်အနက် ၁၁၁ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဌာန က ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ခြေမရှိသော်လည်း ပြည်နယ်အတွင်း နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ကြောင်းပြောကြားခဲ့သည်။
Occidental Mindoro ပြည်နယ် သည် ဖိလစ်ပိုင်နိုင်ငံ၏ သတ္တမမြောက်အကြီးဆုံးကျွန်းဖြစ်သော Mindoro ကျွန်းအတွင်း ရှိ ပြည်နယ် ၂ခုအနက် တစ်ခုဖြစ်ပြီး ကျန်ပြည်နယ်မှာ Oriental Mindoro ပြည်နယ်ဖြစ်ကြောင်း သိရသည်။ (Xinhua)