Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ ရေကြီးမှုကြောင့် လူ ၉ ဦးသေဆုံး ၊ ၇ ဦးပျောက်ဆုံးနေ


ဟနွိုင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း နှင့် အလယ်ပိုင်းဒေသများတွင် လွန်ခဲ့သော ရက်များက ဖြစ်ပွားခဲ့သော ရေကြီးမှု နှင့် မြေပြိုမှုများကြောင့် လူ ၉ ဦးသေဆုံးပြီး အခြား ၇ ဦးပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

စင်တာဘာ ၁ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံအလယ်ပိုင်း Thanh Hoa ပြည်နယ်၌ ရေကြီးမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၊ မြေပြိုမှုကြောင့် လူ ၇ ဦးပျောက်ဆုံးခဲ့ရကြောင်း ၊ တစ်ချိန်တည်းမှာပင် နိုင်ငံမြောက်ပိုင်းရှိ Son La ပြည်နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံးပြီး အခြားမြောက်ပိုင်း ပြည်နယ်နှစ်ခုဖြစ်သော Hoa Binh နှင့် Yen Bai တို့တွင် လူ တစ်ဦးစီ သေဆုံးသွားကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

သဘာဝဘေးအန္တရာယ်များ အထူးသဖြင့် တိုက်ဖွန်း မုန်တိုင်းဒဏ်များကြောင့် ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ပထမ ၈ လတာ ကာလအတွင်း ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၁၅၃ ဦး သေဆုံး ( သို့မဟုတ်) ပျောက်ဆုံးနေကြောင်း နှင့် အခြား ၁၁၉ သေဆုံခဲ့ရကြောင်း နှင့် ဆုံးရှုံးမှုတန်ဖိုး ဗီယက်နမ်ငွေ ဒေါင် ၇,ဝဝဝ ဘီလီယံ ကျော်ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)