Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဆေးခြောက် ၄၀၀ကီလိုဂရမ် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံတွင် ယခင်က ဖမ်းဆီးရမိခဲ့သည့် ဆေးခြောက်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း Songkla မြို့ ၌် သြဂုတ် ၂၉ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဆေးခြောက် ၄၀၀ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ သည် သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ပရိဘောဂသိုလှောင်ရုံဟောင်းတစ်ခု အား ဝင်ရောက်စီးနင်းခဲ့ပြီး ဖိသိပ်ထားသည့် ဆေးခြောက်များကို တွေ့ရှိခဲ့ကာ သံသယရှိသူ ၂ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးခြောက်များသည် ထိုင်းဘတ်ငွေ ၄သန်း (အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ဒေါ်လာ) တန်ဖိုးရှိပြီး တောင်ဘက်စွန်းရှိ ပြည်နယ် ၃ခုသို့ ဖြန့်ဖြူးရန်ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အနီးအနားရှိ ဒေသခံများမှ သတင်းပေးချက်ရရှိပြီးနောက် အဆိုပါ သိုလှောင်ရုံအား ပစ်မှတ်ထားစောင့်ကြည့်နေခဲ့ကြောင်း သိရသည်။

ဇင့်သတ္တုများ စုဆောင်းရန် အဆိုပါ သိုလှောင်ရုံအတွင်းသို့ ဝင်ရောက်ချိန်တွင် တစ်စုံတစ်ယောက် ဓါတ်လိုက်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

တရားခံများသည် ဆေးခြောက်များအားရွှေ့ပြောင်းရန် ကြိုးစားနေစဉ် ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းသိုလှောင်ရုံအတွင်းသို့ သူစိမ်းများ မဝင်ရောက်စေရန် လျှပ်စစ်နံရံများ ကာရံထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုသည် ထိုင်း-မလေးရှားနယ်စပ်တွင် ပျံ့နှံ့လျက်ရှိပြီး နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.