Connect with us

Asia

ဗီယက်နမ် ခရီးသွားလုပ်ငန်းက ကမ္ဘာ့ ဈေးအသက်သာဆုံး နေရာ တစ်ခုဟုဆို

ဗီယက်နမ်နိုင်ငံရှိ Halong Bay အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းက ကမ္ဘာ့ ဈေးအသက်သာဆုံး ခရီးသွားစရာနေရာ တစ်ခုဖြစ်ကြောင်း Business Insider သတင်းဆိုက်က တင်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် လည်ပတ်မည်ဆိုပါက ကုန်ကျစရိတ်အနေဖြင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၂၀ သို့မဟုတ် ယင်းထက်ပင် လျော့နည်းကြောင်း အဆိုပါ သတင်းဆိုက်က ဖော်ပြထားသည်။

စားသောက်ဖွယ်ရာများအတွက် ကြည့်ပါက ၁ ဒေါ်လာ၊ ၂ ဒေါ်လာ သုံးစွဲပါက ကောင်းမွန်စွာ စားသုံးနိုင်မည် ဖြစ်ပြီး တည်းခိုရန်အတွက်လည်း တစ်ညလျှင် ၃ ဒေါ်လာဝန်းကျင်မှစ၍ တည်းခိုနိုင်ကြောင်း သိရသည်။

ထို့ပြင် ထိုင်း၊ အင်ဒိုနီးရှား၊ လာအိုနှင့် တရုတ် စသည့်နိုင်ငံများလည်း စရိတ်ကျဉ်းခရီးသွားလည်ပတ်ရာ စာရင်း၌ ပါဝင်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.