Connect with us

Asia

မြောက်ကိုရီးယား နျူကလီးယားအရေး အား အမေရိကန် နိုင်ငံ မှ အလုံးစုံ တာဝန် ယူရမည် ဖြစ်ကြောင်း မြောက်ကိုရီးယား ပြောကြား

မြောက်ကိုရီးယား နိုင်ငံ မှ တိုက်ချင်းပစ် ဒုံးကျည် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ သည် သြဂုတ်လ ၇ ရက်နေ့ ၌ ဖိလစ်ပိုင် နိုင်ငံ မြို့တော် မနီလာ တွင် သတင်းမီဒီယာ များအား ထုတ်ပြန်ပေးခဲ့သည့် ကြေညာချက်တွင် မြောက်ကိုရီးယား နျူကလီးယားအရေး အား အမေရိကန် နိုင်ငံ မှ အလုံးစုံ တာဝန်ယူရမည် ဖြစ်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ မှ နျူကလီးယား အင်အား ပိုင်ဆိုင်အောင် ဆောင်ရွက်ခြင်းသည် အမေရိကန် နိုင်ငံ ၏ ခြိမ်းခြောက်မှု ကို ဖြေရှင်းရန် ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား လက်နက်များသည် အမေရိကန် နိုင်ငံ မှလွဲ၍ မည်သည် နိုင်ငံ ကိုမှ အသုံးပြုခြင်း နှင့် ခြိမ်းခြောက်ခြင်း ဆောင်ရွက်မည် မဟုတ်ကြောင်း ပါဝင် ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့တွင် အာဆီယံ ဒေသတွင်း အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ရာ မြောက်ကိုရီးယား နိုင်ငံ ကိုယ်စားလှယ် အဖွဲ့က အစည်းအဝေး အပြီး သတင်းကြေညာချက် ထုတ်ပြန်ခဲ့ရာ တွင် ကိုရီးယား ကျွန်းဆွယ်အရေး စတင်ပေါ်ပေါက်လာခြင်း နှင့် ယခု အခြေအနေသို့ ရောက်ရှိလာခြင်း တို့ အားလုံးမှာ အမေရိကန် နိုင်ငံ ၏ တာဝန် ဖြစ်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ မှ နျူကလီးယား လက်နက်ပိုင်ဆိုင်ခြင်း နှင့် တိုက်ချင်းပစ် ဒုံးကျည် ပိုင်ဆိုင်ခြင်း တို့သည် အမေရိကန်နိုင်ငံ ၏ ခြိမ်းခြောက်မှု ကို ကာကွယ်ရန် အတွက် တရားဝင် ကာကွယ်ရေး ရွေးချယ်မှု တစ်ရပ် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက် တွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား လက်နက် နှင့် တိုက်ချင်းပစ် ဒုံးကျည် တို့ကို တာဝန်ယူမှု ရှိစွာ ပိုင်ဆိုင်သည့် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှလွဲ၍ မည်သည့် နိုင်ငံ ကိုမှ အသုံးပြုသွားမည် မဟုတ်သော်လဲ အခြား နိုင်ငံ တစ်နိုင်ငံ မှ အမေရိကန် နိုင်ငံ နှင့် အတူ မြောက်ကိုရီးယား နိုင်ငံ အပေါ် စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ပါက အသုံးပြုသွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.