Asia
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁,၈၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ဒါကာ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၃၀၀ ၌ ကိုယ်စားလှယ်လောင်း ၁,၈၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကော်မရှင်၏အဆိုအရ ဒီဇင်ဘာလ ၃၁ ရက်တွင် ကျင်းပမည့် ၁၁ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနက် ၁,၇၄၅ ဦးမှာ ပါတီကိုယ်စားပြု ကိုယ်စားလှယ်များဖြစ်ပြီး ၉၆ ဦးမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲသင်္ကေတများအား ဒီဇင်ဘာလ ၁၀ ရက်က ကိုယ်စားလှယ်လောင်းများအကြား ခွဲဝေပေးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်မှစ၍ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်းအတွက် ခွင့်ပြုခဲ့ကြောင်း သိရသည်။
လာမည့် ရွေးကောက်ပွဲအတွင်း ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) ၏ အာဏာရ Bangladesh Awami League (AL) ပါတီမှ ကိုယ်စားလှယ်လောင်းများက ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ (Khaleda Zia) ၏ BNP ပါတီ (Bangladesh Nationalist Party) နှင့် ၎င်း၏မဟာမိတ်များနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ (Xinhua)