Asia
မလေးရှားတွင် လေ့ကျင့်ရေး လေယာဉ်တစ်စီး အဆက်အသွယ်ပြတ်တောက်သွားခဲ့

ကွာလာလမ်ပူ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ လေတပ်က ၎င်း၏ သိမ်းငှက် အမည်ရှိ လေ့ကျင့်ရေးလေယာဉ်များ အနက် တစ်စင်းသည် မြေပြင်မှ ပျံတက်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ဇွန်လ ၁၅ ရက် က ပြောကြားခဲ့သည်။
ဗြိတိန်သိမ်းငှက် ၁၀၈ အမည်ရှိ လေ့ကျင့်ရေးလေယာဉ် သည် ကူအန်တန်မြို့ရှိ လေတပ်စခန်း မှ ဒေသစံတော်ချိန် နံနက် ၁၁နာရီ တွင် ထွက်ခွာသွားခဲ့ပြီးနောက် တစ်နာရီခွဲအကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း လေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်၌ ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ပါရှိသည်။
ယင်း လေ့ကျင့်ရေးလေယာဉ် သည် ဗြိတိန် BAE systems မှ ထုတ်လုပ်သော အင်ဂျင်တစ်လုံးတပ် လေ့ကျင့်ရေးလေယာဉ်တစ်စင်း ဖြစ်ပြီး ၎င်းအား တိုက်ခိုက်ရေးလေယာဉ်အဖြစ်လည်း အသုံးပြုကြောင်း သိရသည်။ (Xinhua)