Connect with us

Asia

အဆက်အသွယ်ပြတ်သွားသည့် မလေးရှား လေတပ်ပိုင်လေ့ကျင့်ရေးလေယာဉ်မှ လေယာဉ်မှူး ၂ဦးစလုံး အား သေဆုံးလျက်တွေ့ရှိ

ပျောက်ဆုံးသွားသည့် ဗြိတိန်သိမ်းငှက် ၁၀၈ အမည်ရှိ လေ့ကျင့်ရေးလေယာဉ် နှင့် ပုံစံတူ လေယာဉ်တစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

လေယာဉ်မှူး ၂ဦး မောင်းနှင်လာသည့် မလေးရှားလေတပ်ပိုင် သိမ်းငှက် ၁၀၈ လေ့ကျင့်ရေးလေယာဉ် ပျောက်ဆုံးသွားကြောင်း အစောပိုင်းတွင် သတင်းရရှိခဲ့ပြီးနောက် သစ်တောတစ်ခု၏ ရွှံ့နွံတောအတွင်း၌ လေယာဉ်မှူး ၂ဦးစလုံး အား သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း မလေးရှား လေတပ် ဒုတိယဗိုလ်မှူးကြီး Affendi bin Buang က ဇွန်လ ၁၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု ၌ပြောကြားခဲ့သည်။

အသက် ၃၁ နှစ် နှင့် ၃၉နှစ် ရှိပြီဖြစ်သော လေယာဉ်မှူး ၂ဦးအား လေထီးများ ဝတ်ဆင်ထားသည့် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးရခြင်းအကြောင်းရင်းကို ဆုံးဖြတ်နိုင်ခြင်းမရှိသေးကြောင်း ဘာနာမာ သတင်းဋ္ဌာန၏ ဖော်ပြချက်အရသိရသည်။ ပျောက်ဆုံးနေသည့် ထိုင်ခုံ ၂ခုံပါ လေ့ကျင့်ရေးလေယာဉ်၏ အပျက်အစီးအပိုင်းအစ များကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

လေ့ကျင့်ရေးလေယာဉ် သည် ကူအန်တန်မြို့ရှိ လေတပ်စခန်း မှ ဒေသစံတော်ချိန် နံနက် ၁၁နာရီ တွင် ထွက်ခွာသွားခဲ့ပြီးနောက် တစ်နာရီခွဲအကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

Affendi က အဆိုပါဖြစ်ရပ်အား စုံစမ်းရန် လေတပ်က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းမတိုင်ခင် သိမ်းငှက်၁၀၈ လေယာဉ်ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်း လေ့ကျင့်ရေးလေယာဉ် သည် ဗြိတိန် BAE systems မှ ထုတ်လုပ်သော အင်ဂျင်တစ်လုံးတပ် လေ့ကျင့်ရေးလေယာဉ်တစ်စင်း ဖြစ်ပြီး ၎င်းအား တိုက်ခိုက်ရေးလေယာဉ်အဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.