Asia
မြောက်ကိုရီးယားတွင် အင်အား ၃.၄ ရှိသော ငလျင်လှုပ်
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံတွင် ပြင်းအား ၃.၄ ပမာဏရှိပြီး အနက် ဝ.၀ ကီကိုမီတာ ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့သည်ဟု တရုတ်နိုင်ငံ ငလျင်လုပ်ငန်း CENC က ယနေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် တိုင်းတာ ရရှိခဲ့ကြောင်း သိရသည်။
ငလျင်၏ ဗဟိုချက်မှာ မြောက်လတ္တီကျု ၄၁.၃၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၉.၀၆ ဒီဂရီဖြစ်ကြောင်း CENC အရ သိရသည်။
စက်တင်ဘာလ ၃ ရက်က မြောက်ကိုရီးယား၏ နျူလက်နက် စမ်းသပ်မှုကြောင့် ဖြစ်ပွားခဲ့သည့် ငလျင် အသေးစား နေရာနှင့် အလားတူဖြစ်သည်ဟု ဆိုသည်။ (Xinhua)