Connect with us

Asia

၂၀၂၂ ခုနှစ်တွင် အိန္ဒိယက ဆင်းရဲသားတိုင်း အိမ်ပိုင်ရမည်ဟု မိုဒီ ပြော

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီအား ၎င်း၏ လွှတ်တော် မဲဆန္ဒနယ်အတွင်းရှိ ပြည်သူလူထုအား တွေ့ဆုံနေစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက လာမည့် ငါးနှစ်အတွင်း နိုင်ငံအတွင်းရှိ ဆင်းရဲသားတိုင်း နေအိမ် တစ်လုံးစီ ပိုင်ဆိုင်ရမည်ဟု ယနေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် ကြေညာလိုက်သည်။

“၂၀၂၂ ခုနှစ်မှာ မြို့ပြရော ကျေးလက်မှာပါရှိတဲ့ ဆင်းရဲသားတိုင်း အိမ် တစ်လုံးစီ ပိုင်ဆိုင်နိုင်ရမယ်။ နေအိမ် သန်းပေါင်းများစွာ တည်ဆောက်ပြီး အလုပ်အကိုင်နဲ့ ဝင်ငွေတွေ ရရှိအောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်” ဟု ဥတာပရာဒတ်ပြည်နယ် မြောက်ပိုင်းရှိ ၎င်း၏ လွှတ်တော် မဲဆန္ဒနယ် လူထု စည်းဝေးပွဲ၌ ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ အစိုးရ၏ အဓိက အစီအစဉ်မှာ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ကြောင်း မိုဒီက အလေးထား ပြောကြားခဲ့ပြီး “အုပ်ချုပ်ရေးဆိုတာက နိုင်ငံရေး ဒါမှမဟုတ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက်ပဲ မဟုတ်ပါဘူး။ နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုက ဦးစားပေးပါပဲ” ဟု ဆိုသည်။

မိုဒီသည် Varanasi သို့ နှစ်ရက်ကြာ ရောက်ရှိနေခြင်း ဖြစ်ပြီး ၎င်း၏ မွေးရပ်ဇာတိဖြစ်သော ဂူဂျာရတ်ပြည်နယ်တွင် Varanasi မြို့နှင့် Vadodara မြို့အကြား အမြန်ရထား တစ်စင်း စတင်ပြေးဆွဲခြင်းနှင့် တံဆိပ်ခေါင်း ထုတ်ပြန်ခြင်း အပါအဝင် အခြား အခြေခံ အဆောက်အအုံ စီမံကိန်းများအား စက်တင်ဘာလ ၂၂ ရက်က ပြုလုပ်ခဲ့သည်။

“ဖွံ့ဖြိုးတိုးတက်မှုဆိုတာက ကျွန်တော်တို့ ပြဿနာအားလုံးရဲ့ အဖြေပါပဲ” ဟု ၎င်းက ဆိုသည်။

အိန္ဒိယနိုင်ငံကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်ဖို့က ၎င်းတို့၏ အိပ်မက် ဖြစ်ကြောင်းနှင့် ဆင်းရဲသည့် ပြည်သူများအား ဘဝပြောင်းလဲရန် အခွင့်အရေးပေးရန် ၎င်းတို့ အစိုးရက အားထုတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မိုဒီက ပြောသည်။

ထို့ပြင် ဝန်ကြီးချုပ် မိုဒီက ဆက်၍ “ဘယ် မိဘမဆို ကိုယ့်ရဲ့ သားသမီးကို အိမ်ပိုင်ဆိုင်မှု အမွေ ပေးချင်မှာပဲလေ” ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.