Asia
မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားစမ်းသပ်နေရာ ဖျက်သိမ်းရေးအတွက် သတင်းယူရန် တောင်ကိုရီးယား သတင်းထောက်များစာရင်း မြောက်ကိုရီးယား လက်ခံ
ဆိုးလ်၊ မေ ၂၃ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်ရာနေရာကို ဖျက်သိမ်းရေးအတွက် သတင်းရယူရန် တောင်ကိုရီးယားနိုင်ငံမှ သတင်းထောက်များစာရင်းကို မြောက်ကိုရီးယားက မေလ ၂၃ ရက်အစောပိုင်းက လက်ခံခဲ့ကြောင်း ဆိုးလ်က ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Punggye-ri နျူကလီးယားစမ်းသပ်နေရာ ဖျက်သိမ်းရေးကို သတင်းရယူရန် တောင်ကိုရီးယားနိုင်ငံမှ သတင်းထောက် ၈ ဦးအား စေလွှတ်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အဆိုပါစာရင်းအား နှစ်နိုင်ငံနယ်စပ်ကျေးရွာ ပန်မွန်ဂျုံ ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့သည့် Punggye-ri မြေအောက် နျူကလီးယားစမ်းသပ်နေရာအား မေလ ၂၃ ရက်မှ ၂၅ ရက်အတွင်း ဖျက်သိမ်းရန် စီစဉ်ထားပြီး သက်သေအဖြစ် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှ သတင်းထောက်များအား ဖိတ်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)