Connect with us

Asia

အိန္ဒိယ တောင်ပိုင်းတွင် Nipah ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၁ ဦး ရှိ

အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင် Nipah ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးနေစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ မေ ၂၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ်တွင် ယခုတလောNipah ဗိုင်းရပ်စ် ပြန့်ပွားနေရာ ယနေ့(မေ လ ၂၃ ရက်)အထိ သေဆုံးသူ အနည်းဆုံး ၁၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အား အကြောင်းကြားထားပြီဖြစ်ပြီး Nipah ဗိုင်းရပ်စ် ပြန့်ပွားမှုအခြေအနေကို စိစစ်ရန် တစ်နိုင်ငံလုံးဆိုင်ရာရောဂါထိန်းချုပ်ရေးစင်တာ (NCDC) ၏ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ဆေးကုသရေးအဖွဲ့ကိုလည်း Kerala ပြည်နယ်သို့ စေလွှတ်ပြီးဖြစ်ကြောင်း၊ အိန္ဒိယတစ်နိုင်ငံလုံးရှိ ဆေးသိပ္ပံအကယ်ဒမီများမှ စေလွှတ်သည့် ပညာရှင် များကလည်း မေလ ၂၃ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးနှင့် မိသားစု ဖူလုံရေးဝန်ကြီးဌာန ဝန်ကြီး J.P. Naddaက ၎င်း၏ဆိုရှယ်မီဒီယာတွင် ရေးသားထားသည်။

ယခုဖြစ်ပွားသည့် Nipah ဗိုင်းရပ်စ်ကို Kerala ပြည်နယ် Kozhikode မြို့နှင့်Malappuramမြို့တွင် တွေ့ရှိခြင်းဖြစ်ပြီး သွေးနမူနာ ၁၈ ခု ပေးပို့စစ်ဆေးခဲ့ရာ ၎င်းတို့အနက် ၁၂ ခုတွင် ရောဂါပိုးရှိကြောင်း တွေ့ရှိရသည်။ သေဆုံးသူများအနက် ၈ ဦးမှာ Kozhikodeက လာခြင်းဖြစ်ပြီး ၎င်းတို့အနက်မိသားစုဝင် ၃ ဦး ပါရှိကြောင်း၊ ကျန် ၃ ဦးမှာ Malappuramမှဖြစ်ပြီး ၎င်းတို့အနက်တစ်ဦးမှာ ဆေးကုသပေးသည့် သူနာပြုဖြစ်ကြောင်း ၊လက်ရှိ သီးခြားကုသမှုခံယူနေသူ ၁၉ ဦးရှိပြီး ၂ ဦးမှာ ရောဂါအခြေအနေ ဆိုးဝါးကြောင်း သိရသည်။

Nipah ဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်တွင် မလေးရှား၌ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဝက်မွေးသူအချို့ Nipah ဗိုင်းရပ်စ်ကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်းဖြစ်ပွားကြောင်း တွေ့ရသည်။ မလေးရှားစိုက်ပျိုးရေးသမားများက ဝက်မွေးခြံအနီးတွင် သရက်ပင်စိုက်ပျိုးလေ့ ရှိကြောင်း၊ Nipah ဗိုင်းရပ်စ်ပါသည့် အသီးစား လင်းနို့များစားထားသည့် သရက်သီး အကြွင်းအကျန်များ ဝက်ခြံတွင်းကို ကျနေရာ ဝက်များက ၎င်း သရက်သီးများကို စားသုံးရာမှ ကူးစက်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဝက်မွေးသူများကို ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း ကူးစက်ရောဂါဆိုင်ရာ သုတေသနတစ်ခုတွင် ရေးသားထားသည်။ဘင်္ဂလားဒေရှ့်တွင်လည်း ၂၀၀၄ ခုနှစ်က ထိုရောဂါပိုးကို တွေ့ခဲ့ကြောင်း၊ ရောဂါပိုးသယ်ဆောင်လာသည့် အသီးလင်းနို့များစားထားသည့် စွန်ပလွံသီးမှတစ်ဆင့် ကူးဆက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ယခု အိန္ဒိယ Keralaတွင်ဖြစ်ပွားသည့် ရောဂါ အကြောင်းအရင်းဇစ်မြစ်ကိုမူ အသေးစိတ်မသိရသေး ကြောင်း ပညာရှင်များက ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Nipah ဗိုင်းရပ်စ်ကို ၂၀၁၈ ခုနှစ်တွင် သတိထားရမည့် အန္တရာယ်များ သည့်ကူးစက်ရောဂါ ၁၀ မျိုးစာရင်းတွင် ထည့်သွင်းထားသည်။ ထိုရောဂါပိုးမှာ အဆုတ်နှင့် ဦးနှောက် ကို ထိခိုက်စေနိုင်ပါသည်။ ရောဂါဖြစ်ပွားသည့် လက္ခဏာများမှာ ကိုယ်ပူခြင်း ၊ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်း၊ မေ့မြောခြင်း၊ သတိလစ်ဟင်းခြင်းတို့ဖြစ်ကြောင်း ၊ ရောဂါပိုးကြောင့် သေဆုံးနိုင်သည့် လူနှင့်တိရစ္ဆာန်၏ရာခိုင်နှုန်းမှာ ၇၅ %နှင့် ၆၀ % အသီးသီးဖြစ်ကြောင်း၊ လက်ရှိ ကာကွယ်ဆေးနှင့် ထိရောက်သည့် ကုသနည်းများ မရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.