Asia
ရှောင်မီ စမတ်ဖုန်းများ ဘင်္ဂလားဒေ့ရှ်တွင် မိတ်ဆက်
ဒါကာ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ရှောင်မီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်တန်း ဆဲလ်ဖုန်း အော်ပရေတာ ဂရမ်မင်းဖုန်းနှင့် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုအဖြစ် စမတ်ဖုန်း သုံးမျိုးအား မိတ်ဆက်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၁၈ ရက်က ဂရမ်မင်းဖုန်းက ထုတ်ပြန်လိုက်သည့် ကြေညာချက်အရ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားကို ဒါကာရှိ Grameenphone Corporate House တွင် သြဂုတ်လ ၁၈ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဂရမ်မင်းဖုန်း ဈေးကွက်ရှာဖွေရေး အရှာရှိချုပ် ရာဆာ အက်ဇ်မန်းနှင့် ဘင်္ဂလားဒေ့ရှ်တွင် ရှောင်မီဖုန်း တရားဝင် အရောင်း ကိုယ်စားလှယ် Solar- Electro Bangladesh Ltd မန်နေဂျင်း ဒါရိုက်တာ မာဂျီဘာ ရာမန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှောင်မီသည် တရုတ် အီလက်ထရောနစ် ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ကမ္ဘာ့ ပဉ္စမမြောက် အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်း ရှောင်မီဖုန်း ၇၀.၈ သန်း ရောင်းချခဲ့ပြီး ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက် ဝေစု ၅ ရာခိုင်နှုန်း ရရှိထားကြောင်း သိရသည်။ (Xinhua)