Connect with us

Asia

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး လာမည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံသို့ သွားမည်

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာ ဆွာရက်ချ်အားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာ ဆွာရက်ချ် (Sushma Swaraj) သည် လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း၊ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်ကြီး၏ ခရီးစဉ်သည် သြဂုတ်လ ၂၂ ရက်တွင် သွားမည် ဖြစ်ပြီး နိုင်ငံခြားရေး အတွင်းဝန် အက်စ်. ဂျိုင်ရှန်ကာနှင့် အခြား အဆင့်မြင့် အရာရှိကြီးများ ပါဝင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် မိတ်ဖက် ဆက်ဆံရေး အရှိန်မြှင့်တင်မည့် အိန္ဒိယ၏ ကတိကဝတ်အား ထပ်မံ အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ပြောသည်။
ခရီးစဉ်အတွင်း နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်၊ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ယင်း ခရီးစဉ်၌ နှစ်နိုင်ငံ မိတ်ဖက် ဆက်ဆံရေးနှင့် အိန္ဒိယတွင် ပြုလုပ်မည့် BRICS- BIMSTEC Outreach ထိပ်သီး အစည်းအဝေးအတွက် အစီအစဉ်များ၊ သြဂုတ်လ ၉ ရက်တွင် နယူးဒေလီ၌ ကျင်းပခဲ့သည့် နိုင်ငံခြားရေးရုံး ညှိနှိုင်းပွဲများအတွင်း ဆွေးနွေးမှုများ တည်ထောင်ခြင်း စသည့် ကဏ္ဍများအား အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.